Monday, January 20, 2014

သိုလှောင်ရုံ အာမခံစနစ် အကောင်အထည် ဖော်မည်

စပါးပေါ်ချိန် စပါးဈေးကောင်းမရလို့ နစ်နာနေတဲ့ လယ်သမားတွေ အဆင်ပြေလာအောင် “သိုလှောင်ရုံ အာမခံစနစ်” အကောင်အထည် ဖော်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းက ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ဒီအစီအစဉ် အကောင်အထည် ပေါ်လာရင် လယ်သမားတွေဟာ စပါးဈေးကျနေတဲ့ စပါးပေါ် ချိန်မှာ ကျဈေးနဲ့ ရောင်းစရာမလိုဘဲ စနစ်တကျ တည်ဆောက်ထားတဲ့ သိုလှောင်ရုံတွေမှာ စပါကို သွားရောက် အပ်နှံနိုင်မှာဖြစ်ပြီး သိုလှောင်ရုံက လယ်သမားကို အာမခံ လက်မှတ် ထုတ်ပေးမယ်လို့ ပြောပါတယ်။

လယ်သမားအနေနဲ့ အဲဒီ အာမခံလက်မှတ်ကို အပေါင်ပြုပြီး ဘဏ်မှာ ငွေချေးနိုင်မယ့် အကြော င်း၊ နောက်ပိုင်း စပါးဈေးတက်တဲ့အခါ လယ်သမားအနေနဲ့ သူ့စပါးကို ထုတ်ရောင်းနိုင် မှာဖြစ်ကြောင်း၊ ဒီနည်းနဲ့ လယ်သမားတွေ စပါးဈေးနှိမ်ခံရတဲ့ အခြေအနေကနေ သက်သာရာ ရမှာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒီအတွက် စပြီး အကောင်အထည် ဖော်မယ့် မြို့နယ်တွေကို ရွေးချယ်တာ၊ သိုလှောင်ရုံ တည်ဆောက် မှုနဲ့ စပါးအပ်နှံခ စတာတွေကို ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO) က ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နေတယ်လို့ ဆိုပါတယ်။

 By ဒီဗွီဘီ

0 comments:

Post a Comment