Tuesday, January 21, 2014

ကမ္ဘာ့ဆီစားအသက်သာဆုံး မော်တော်ကား

PhotoPhotoPhoto
XL1သည် တည်ဆောက်မှုဆိုင်ရာ နည်းပညာသစ်များကို သုံးစွဲထားပြီး မိုင်ပေါင်း(၃၀၀)ကျော် မောင်းနှင်ပြီးပါမှ ဆီ(၁)ဂါလံမျှသာ အသုံးပြုရသည်အထိ ဆီစားသက်သာသည့် ဖန်တီးမှုလည်း ဖြစ်လာသည်။
Volkwasgen အနေဖြင့် ကမ္ဘာ့အကြီးမားဆုံး စာရင်းဝင် မော်တော်ယာဉ် လုပ်ငန်းစုကြီး အနေဖြင့်သာ မကဘဲ ကမ္ဘာ့ဆီစား အသက်သာဆုံး မော်တော်ကားကို ထုတ်လုပ်နိုင်သည့် ကုမ္ပဏီ အနေဖြင့်ပါ ဂုဏ်ယူနေနိုင်ပြီ ဖြစ်သည်။ ဂျာမန်အင်ဂျင်နီယာများသည် Volkswagen၏ XL1 မော်တော်ကားကို ထူးထူးခြားခြား လောင်စာဆီ သုံးစွဲမှု အသက်သာဆုံးဖြစ်အောင် ဖန်တီး တည်ဆောက်ပေး ခဲ့ကြသည်။ XL1သည် တည်ဆောက်မှုဆိုင်ရာ နည်းပညာသစ်များကို သုံးစွဲထားပြီး မိုင်ပေါင်း(၃၀၀)ကျော် မောင်းနှင်ပြီးပါမှ ဆီ(၁)ဂါလံမျှသာ အသုံးပြုရသည်အထိ ဆီစားသက်သာသည့် ဖန်တီးမှုလည်း ဖြစ်လာသည်။

ကားကို အလွန်ပေါ့ပါးအောင် ဒီဇိုင်းတီထွင်ထားပြီး ဆီစားသက်သာစေရန် နည်းလမ်း အမျိုးမျိုး အဖုံဖုံကိုလည်း အသုံးပြုထားကြောင်း Volkswagenက ကြွေးကြော်လေ့ရှိသည်။ Volkswagenသည် လွန်ခဲ့သည့် နှစ်အတော်များများ ကတည်းက ယင်းမော်တော်ကား၏ Prototype ပုံရိပ်ကို စတင်မိတ်ဆက်ခဲ့ပြီး (၂၀၀၉)ခုနှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်နိုင်ခဲ့သည်။ ယခုအခါတွင်မူ XL1သည် အမှန်တကယ် လက်တွေ့လောကထဲ မောင်းနှင်သွားလာနေပြီ ဖြစ်သည်။ ဒီဇိုင်းပိုင်းတွင်လည်း Lamborghini ပြိုင်ကားများ ကဲ့သို့ ခန့်ထည်လှကြောင်း ချီးကျူးခံနေရသည့် မော်တော်ကားကို ဘယ်မောင်းတစ်မျိုးတည်းသာ ထုတ်လုပ်သည်။

ယူရို (၁၁၁၀၀၀)ဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချသော မော်တော်ကားသည် ယခုအချိန်ထိ အစင်းရေ (၂၅၀)မျှသာ ရောင်း ချနိုင်သေးပြီး ဝယ်လိုအားကို အမီမလိုက်နိုင်ဘဲ ဖြစ်နေသည်။ XL1သည် ပြိုင်ကားများကဲ့သို့ အလွန်လျင်မြန်စွာ မောင်းနှင်နိုင်ခြင်း မရှိသော်လည်း ဆီစားသက်သာသလို ကာဘွန်ထုတ်လွှတ်မှု နည်းပါးလှသည့် ကောင်းကျိုးများ ရှိနေသည်။ ကားကို တစ်ကီလိုမီတာထိ ခရီးပေါက်အောင် မောင်းနှင်ပြီးချိန်မှ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ (၂၅)ဂရမ်သာ ထွက်ရှိသည်။ ထို့အပြင် ဆီတစ်ဂါလံ ထည့် ထားပြီး ချိန် ၌ ခရီးမိုင် (၃၁၃)မိုင်ထိ ရောက်ရှိအောင် မောင်းနှင်နိုင်ကြောင်း စမ်းသပ် တွေ့ရှိထားပြီး ဖြစ်သည်။

Toyota၏ Priusသည် ဆီစားသက်သာလှသည်ဟု နာမည်ကြီးနေသည့်တိုင် တစ်ဂါလံလျှင် (၄၄)မိုင်သာ ခရီးပေါက်သည်။ Ford၏ Fiestaကမူ တစ်ဂါလံ ဆီဖြည့်ထားလျှင် (၃၁)မိုင်ထိ မောင်းနှင်နိုင်မည် ဖြစ်သည်။ ယင်းနှစ်ယောက်စီး မော်တော်ကားလေး၏ အစိတ်အပိုင်း အတော်များများကို ခိုင်မာသည့် ကာဘွန်ဖိုင်ဘာများဖြင့် အားဖြည့် တည်ဆောက်ထားသည့်အတွက် (၇၉၅)ကီလိုဂရမ် မျှသာ အလေးချိန်ရှိသည်။

Planet Myanmar Network

0 comments:

Post a Comment