Monday, January 20, 2014

ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲပြီးဖြစ်၍ အစိုးရအဖွဲ့ထံ တင်ပြထား

Photo: ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲပြီးဖြစ်၍ အစိုးရအဖွဲ့ထံ တင်ပြထား
Monday, January 20, 2014

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲပြီးစီးသွားပြီဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ယင်းစီမံကိန်းရေးဆွဲရာတွင် ပါဝင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာန ဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။

““ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာလည်း ဆွေးနွေးပွဲတွေ လုပ်နေတယ်။ အကောင်အထည်ဖော်မယ့်အပိုင်းကို လုပ်ဖို့ စောင့်နေရတာ”” ဟု ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းကို ၂၀၁၂ သြဂုတ်လတွင် စတင်ပြီး မြို့ပြဆိုင်ရာ ပညာရှင်နှင့် သက်ဆိုင်ရာဌာနများ အပါအ၀င် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ပညာရှင်များ၏ အကူအညီဖြင့် စတင်ရေးဆွဲခဲ့သည်။

၂၀၄၀ အထိ ရည်ရွယ်ပြီး ရေးဆွဲထားသည့် စီးပွားရေးမြို့တော် ရန်ကုန် စီမံကိန်းအတွက် လိုအပ်ပါက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပူးပေါင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ အကူအညီများ ရယူပါက နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေမည့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံအတွက် အကျိုးရှိပါက မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းဆောင်ရွက်စဉ်ကာလ ငါးနှစ်အတွင်း ဒေါ်လာ သန်း ၂၂၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး ကနဦး ဒေါ်လာ သန်း ၅၀၀ ကို JICA က ယခုနှစ်အတွင်း ချေးသွားမည်ဟု ထုတ်ပြန်သည်။

သို့သော် စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်မှု
အနေဖြင့်ပင် ဒေါ်လာ သန်း ၅၀၀၀ ခန့် ကုန်ကျဖွယ်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။ ထို့ကြောင့် JICA မှ ချေးမည့်ငွေဖြင့် ပထမအဆင့် စီမံကိန်းကိုပင် အကောင်အထည်ဖော်ရန် ခက်ခဲနေဦးမည်လည်းဖြစ်သည်။

တိုးပွားလာသည့် လူဦးရေပေါ်မူတည်ကာ အိမ်ရာ၊ ရေ၊ လျှပ် စစ်၊ မိလ္လာ၊ အမှိုက် အစရှိသည့် အခြေခံအဆောက်အအုံလိုအပ်ချက်
ဖြည့်ဆည်းမှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာအကူအညီများကိုလည်း စတင်ရယူသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်း ပထမအဆင့်ဖြစ်သည့် ဒုတိယစီးပွား ရေးအချက်အချာ မြေနေရာကို ပြင်ပလုပ်ငန်းရှင်များနှင့် အကောင်အထည်ဖော်ခြင်း၊ ရန်ကုန်မြို့၏ မြို့ပြမြေအသုံးချမှုကို ဇုန်အလိုက် ခွဲခြားသတ်မှတ်ရန် စီစဉ်နေခြင်း၊ အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်နေပြီဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တော်၏ အကျယ်အ၀န်းမှာ ၃၀၆ စတုရန်းမိုင် ရှိပြီး လူဦးရေ ခြောက်သန်းကျော် နေထိုင်လျက်ရှိကာ လာမည့် ၂၀၄၀ ပြည့်နှစ်တွင် အနည်းဆုံး ကိုးသန်းမှ ၂၄ သန်း အထိ တိုးပွားလာနိုင်ကြောင်း ရန်ကုန်မြို့တော်ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲသူများက ခန့်မှန်းထားသည်။

Published on: Mon, 2014-01-20 17:20
Issue No: 
No.271 Monday, January 20, 2014
Author: 
မိုးညို
Location: 
ရန်ကုန်

7Day Daily
ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲပြီးစီးသွားပြီဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ယင်းစီမံကိန်းရေးဆွဲရာတွင် ပါဝင်သည့် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာန ဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။

““ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာလည်း ဆွေးနွေးပွဲတွေ လုပ်နေတယ်။ အကောင်အထည်ဖော် မယ့်အပိုင်းကို လုပ်ဖို့ စောင့်နေရတာ”” ဟု ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းကို ၂၀၁၂ သြဂုတ်လတွင် စတင်ပြီး မြို့ပြဆိုင်ရာ ပညာရှင်နှင့် သက် ဆိုင်ရာဌာနများ အပါအ၀င် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ပညာရှင်များ၏ အကူအညီဖြင့် စတင်ရေးဆွဲခဲ့သည်။

၂၀၄၀ အထိ ရည်ရွယ်ပြီး ရေးဆွဲထားသည့် စီးပွားရေးမြို့တော် ရန်ကုန် စီမံကိန်းအတွက် လိုအပ် ပါက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပူးပေါင်းခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ အကူအညီများ ရယူပါက နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေမည့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံအတွက် အကျိုးရှိပါက မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းဆောင်ရွက်စဉ်ကာလ ငါးနှစ်အတွင်း ဒေါ်လာ သန်း ၂၂၀၀ ကျော် ကုန်ကျ မည်ဖြစ်ပြီး ကနဦး ဒေါ်လာ သန်း ၅၀၀ ကို JICA က ယခုနှစ်အတွင်း ချေးသွားမည်ဟု ထုတ်ပြန် သည်။

သို့သော် စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်မှု အနေဖြင့်ပင် ဒေါ်လာ သန်း ၅၀၀၀ ခန့် ကုန်ကျဖွယ်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထား သည်။ ထို့ကြောင့် JICA မှ ချေးမည့်ငွေဖြင့် ပထမအဆင့် စီမံကိန်းကိုပင် အကောင် အထည်ဖော်ရန် ခက်ခဲနေဦးမည်လည်းဖြစ်သည်။

တိုးပွားလာသည့် လူဦးရေပေါ်မူတည်ကာ အိမ်ရာ၊ ရေ၊ လျှပ် စစ်၊ မိလ္လာ၊ အမှိုက် အစရှိသည့် အခြေခံအဆောက်အအုံလိုအပ်ချက် ဖြည့်ဆည်းမှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာအကူအညီ များကိုလည်း စတင်ရယူသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်း ပထမအဆင့်ဖြစ်သည့် ဒုတိယစီးပွား ရေးအချက်အချာ မြေနေရာကို ပြင်ပလုပ်ငန်းရှင်များနှင့် အကောင်အထည်ဖော်ခြင်း၊ ရန်ကုန်မြို့၏ မြို့ပြမြေအသုံးချမှုကို ဇုန်အလိုက် ခွဲခြားသတ်မှတ်ရန် စီစဉ်နေခြင်း၊ အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်နေပြီဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့တော်၏ အကျယ်အ၀န်းမှာ ၃၀၆ စတုရန်းမိုင် ရှိပြီး လူဦးရေ ခြောက် သန်းကျော် နေထိုင်လျက်ရှိကာ လာမည့် ၂၀၄၀ ပြည့်နှစ်တွင် အနည်းဆုံး ကိုးသန်းမှ ၂၄ သန်းအထိ တိုးပွားလာနိုင်ကြောင်း ရန်ကုန်မြို့တော်ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲသူများက ခန့်မှန်းထားသည်။

Published on: Mon, 2014-01-20 17:20
Issue No: 
No.271 Monday, January 20, 2014
Author: 
မိုးညို
Location: 
ရန်ကုန်

7Day Daily

0 comments:

Post a Comment