Wednesday, January 29, 2014

အကြွေးတောင်းသဖြင့် အကြွေးရှင်ပိုင်ဆိုင်သည့် ဈေးဆိုင်အား မီးရှို့

ရမည်းသင်းမြို့နယ်၊ နဘူးကျင်းအုပ်စု၊ ကြာပင်အင်းရွာနေ မခင်မျိုးရွှေ(၂၃)နှစ်၊ (ဘ) ဦးဖိုးကောက်သည် ပျဉ်းမတောကျေးရွာ အနောက်ဘက်တွင် ၎င်းပိုင် သွတ်မိုးပျဉ်ခင်း၊ ပျဉ်ကာ (၆) ပေပတ်လည်ဈေးဆိုင်တွင် ကွမ်းယာ၊ မုန့်မျိးစုံ၊ ဓါတ်ဆီများရောင်းချ လုပ်ကိုင်လျက် ရှိသည်။ တောင်ဘိုကျေးရွာအုပ်စု၊ ကန်ကြီးရွာနေ မြင့်အောင်(၂၃)နှစ်(ဘ)ဦးချက်ကြီး သည် ဆိုင်ကယ်ကယ်ရီဆွဲရင်းဖြင့် ၎င်း၏ ဆိုင်နားသို့ရောက်ရှိလာစဉ် မခင်မျိုးရွှေမှ ယခင် ဓါတ်ဆီဘိုးအကြွေး (၁၀၀၀) ကျပ်အားတောင်းရာ မြင့်အောင်မှ မရှိသေးကြောင်းပြော သဖြင့်
ဆိုင်ကယ်နောက်တွင် ပါလာသူမှ ထုတ်ပေးခဲ့ကြောင်း၊ မြင့်အောင်မှ အပြန်တွင် ဆိုင်သို့ တစ်ဖန် ဝင်လာပြီး နောက်ရက် နင့်ဆိုင်မရှိစေရဘူးဟု ပြောဆိုခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၅-ရက်နေ့တွင် ဆိုင်ဖွင့်ရန် မခင်မျိုရွှေသည် ညီမဖြစ်သူ မခင်လေးဆွေနှင့် အတူထွက်လာစဉ် ဆိုင်မှာ ပြာပုံဖြစ်နေသည်ကို တွေ့ရှိရ၍ ဆိုင်နားတွင် နေထိုင်သူ ကိုဆန်းဦး၏ ပြောပြချက်အရ အလှူ၌မီးစက်မောင်းပြီးပြန်လာစဉ် ဆိုင်မီးလောင်နေသည်ကို တွေ့ရှိရ၍ပြေးသွားခဲ့ရာ ဆိုင်ကယ်(၂)စီး လူ(၃)ယောက် ပျဉ်းမတောရွာလမ်းအတိုင်း ထွက်ပြေးသွားပြီး ကားမီးထိုး သဖြင့် နောက်ကထိုင်သူမှာ ကံရိုးကြီးရွာမှ မြင့်အောင်ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် မြင့်အောင်အား အရေးယူပေးပါရန် ရမည်းသင်းရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ရာ မခင်မျိုးရွှေ၏ တိုင်ကြားချက်အရ ရမည်းသင်းရဲစခန်း(ပ)/၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်၍ ဇန်နဝါရီ-၂၇ ရက်နေ့တွင် မြင့်အောင်အား အမှုဖြင့် ဖမ်းဆီးကာ စစ်ဆေးဆောင် ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

0 comments:

Post a Comment