တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြု လိုက်ပြီဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ KNU တပ်မဟာ ၇ လော်ခီးလာ(ခေါ်) လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ရက်မှ ၂၄ရက်အထိ ပြုလုပ်ခဲ့ခြင်းပြီး အဖွဲ့ ၁၈ဖွဲ့ တက်ရောက်ခဲ့သည်။
ယင်းသို့ တိုင်းရင်းသားများ၏ အပစ်ရပ်မူကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သော်လည်း ဖက်ဒရယ် စစ်တပ်ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကိစ္စကို အစိုးရနှင့် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။
ထို့အပြင် တိုင်းရင်းသားများဘက်မှ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရ ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UWPC)တို့ ဇန်နဝါရီ လ ၂၉ရက်တွင် တွေ့ဆုံကာ မူကြမ်းနှစ်ခုကို ထပ်မံ ဆွေးနွေးမည်ဖြစ်ပြီး ဘားအံဆွေးနွေးပွဲကို ဖေဖော်ဝါ ရီလ နောက်ဆုံးပတ်တွင် တွေ့ဆုံမည်ဖြစ်သည်။ တွေ့ဆုံမည့် နေရာကိုမူ မသိရှိ ရသေးပေ။
အတည်ပြုလိုက်သည့် တိုင်းရင်းသားအဖွဲ့တို့၏ မူကြမ်းကို ၂၀၁၃ခုနှစ် အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၃ရက်အထိ ပြုလုပ်ခဲ့သည့် လိုင်ဇာညီလာခံတွင် သဘောတူညီချက်ရရှိခဲ့ပြီး ယခုတစ်ကြိမ် ညီလာခံတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment