Wednesday, January 15, 2014

စစ်ကိုင်း၊ မော်လိုက်တွင် နောင်ပိန်တံတား တည်ဆောက်စဉ် မြေပြိုကျ၍ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာနှင့် နောင်ပိန်၊ အော်စီကျေးရွာ များ၏ ကျေး ရွာချင်းဆက်လမ်းပိုင်းပေါ်ရှိ နောင်ပိန်ဆည်ချောင်းတံတားတည်ဆောက်ရေး လုပ်ငန်းခွင်တွင် ရုတ် တရက် မြေပြိုကျခဲ့ရာ တံတားတည်ဆောက်ရေး ပန်းရံ လုပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း မော်လိုက် မြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်က မော်လိုက်ကလေး ကျေးရွာ၏ တောင် ဘက် တစ်မိုင် ခန့်ရှိ ကျေးရွာချင်းဆက် လမ်းပေါ်တွင် တည်ဆောက်လျက်ရှိသော ဆည်ချောင်းနောင်ပိန်တံတားလုပ် ငန်းခွင်တွင် ရုတ်တရက် မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ယင်းသို့ မြေပြိုကျရာတွင် ပန်းရံအလုပ်သမ အသက် ၃၄ နှစ်အရွယ် မခင်စိုးဝင်းဆိုသူမှာ မြေပိ ၍နေရာ တွင်ပင် သေဆုံးခဲ့ပြီး တံတားအုတ်ဘောင် အုတ်စီနေသည့် ပန်ရံလုပ်သား အသက် ၃၀ နှစ်အရွယ် ကိုနေလင်းအောင်ဆိုသူမှာ ပြုတ်ကျ၍ သတိမေ့နေခဲ့ရာ ကျန်ရှိအလုပ်သမား များက မော်လိုက်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

သို့သော် ယခုလ ၁၃ ရက် ညနေတွင် အဆိုပါ အမျိုးသားမှာ ထိုဆေးရုံကြီးပေါ်တွင် သေဆုံးခဲ့ခြင်း ကြောင့် မော်လိုက်မြို့မရဲစခန်းက သေမှုသေခင်းဆိုင်ရာ မှတ်တမ်းများရယူ ထားခဲ့သည်ဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တံတားသည် နယ်စပ်ဒေသပညာရေးနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှု ဦးစီးဌာန (နတလ)မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့ရာ အမည်မသိကုမ္ပဏီ တစ်ခုက တင်ဒါအောင်မြင်ခဲ့သဖြင့် တံတားတည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု မော်လိုက်မြို့ အမှတ် (၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က ပြောသည်။

တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု အလွန်နည်းပါးသည့် အတွက်ကြောင့် တည် ဆောက်ရေးလုပ်သားနှစ်ဦးသေဆုံးခဲ့ရခြင်းအပေါ် မော်လိုက်မြို့မရဲစခန်း က သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၄ နှင့် ၂/၂၀၁၄ အရ အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment