Wednesday, January 15, 2014

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ရွှေရတုပွဲ ကျင်းပမည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) တည်ထောင်ခဲ့သည့် သက်တမ်းနှစ် ၅၀ ပြည့် အထိမ်းအမှတ် ရွှေရတုပွဲကို ဇန်န၀ါရီ ၁၆ နှင့် ၁၇ ရက်များတွင် ပြုလုပ်သွားမည်ဟု ယင်း တက္ကသိုလ် ကွန်ပျူတာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူသူက မဇ္ဈိမကို ပြောသည်။

၎င်းက “ရွှေရတုပွဲဆိုတာက တစ်သက်မှာတစ်ခါပဲ လုပ်ခွင့်ရတာလေ။ ပွဲကျင်းပရတဲ့ ရည်ရွယ် ချက်ကတော့ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေ၊ လက်ရှိတက်နေတဲ့ ကျောင်း သူ၊ ကျောင်း သားတွေ ရင်းရင်းနှီးနှီး တွေ့ဆုံကြဖို့နဲ့ အာစရိယပူဇော်ပွဲပြုလုပ်ဖို့ ဖြစ်ပါတယ်”ဟု ဆိုသည်။

ရွှေရတုပွဲကို အဆိုပါတက္ကသိုလ်၌ပင် ပြုလုပ်သွားမည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်တွင် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြ ပွဲ၊ အာစရိယပူဇော်ပွဲနှင့် ဘာသာစကား(ဘာသာရပ်)အလိုက် ရိုးရာအစားအစာ ဈေးရောင်းပွဲတော်ကို ပြု လုပ်သွားမည်ဖြစ်သည်။ ဇန်န၀ါရီလ ၁၇ ရက်တွင် စာတမ်းဖတ်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး ဘာသာရပ်ဆိုင် ရာဌာနများမှ ဘာသာရပ်အလိုက် စာတမ်း ၁၂ စောင်ကို ဖတ်ကြားသွားမည်ဖြစ်သည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကို ၁၉၆၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် ဘာသာစကား စာသင် ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် နှစ်ငါးဆယ် တိတိ ပြည့်ပြီဖြစ် သည်။

Mizzima - News in Burmese

0 comments:

Post a Comment