Wednesday, January 15, 2014

အိမ်သာတက်နေသည့် အမျိုးသမီးအား ဗီဒီယိုခိုးရိုက်သူကို အမှုဖွင့်

ဒဂုံအရှေ့မြို့နယ်တွင် အိမ်သာတက်နေသည့် အမျိုးသမီးကြီးတစ်ဦးကို ဖုန်းကင်မရာဖြင့် ဗီဒီယို ခိုးရိုက်ကူးခဲ့သူကို မြို့နယ်ရဲစခန်းက ဇန်န၀ါရီ ၁၃ ရက်အတွင် အမှုဖွင့်အရေးယူထား သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုမှာ ဒဂုံမြိ့သစ်၊ အရှေ့ပိုင်း၊ (၆) ရပ်ကွက်တွင် ဇန်န၀ါရီ ၁၂ နံနက် ၈နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကြီး အိမ်သာတက်နေစဉ်အတွင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အိမ်သာတက်နေစဉ် ကပ်လျက်အခန်းတွင် ငှားရမ်းနေထိုင်သည့် မြို့တော်လျှပ်စစ် ဓာတ် အားပေး အရေး အဖွဲ့မှ ၂၃ နှစ်အရွယ် နေ့စားဝန်ထမ်းက ဟွားဝေဖုန်းဖြင့် အိမ်သာအမိုးနှင့် နံရံကြားမှ လက်လျှို၍ ခိုးရိုက်ခြင်းဖြစ်သည်ဟု ကာယကံရှင် အမျိုးသမီးက ဇန်န၀ါရီ ၁၃ ရက် နေ့လယ်တွင် ရဲစခန်းတွင် တိုင်တန်းထားသည်။

ထို့ကြောင့် မြို့နယ် ရဲစခန်းက တိုင်တန်းခံထားရသူ လွင်မိုးဦးကို (ပ)၂၂/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၅၄/ ၅၀၉ တို့ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment