Wednesday, January 8, 2014

စိတ်ကြွဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(တန့်ယန်း)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများ နှင့်အတူ မိုင်းကျိုင်းရွာနေ အောင်ဆာ(၄၆)နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ နေအိမ်အိပ်ခန်းယာဘက်ထောင့်ရှိ မြေပဲထည့်ထားသောဝါးတောင်းအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၇၈၀)ပြား၊ တန်ဘိုးငွေ ကျပ်(၁၁၇၀၀၀ဝိ/-)၊ နေအိမ် ဧည့်ခန်းအတွင်း ကွပ်ပျစ်ပေါ်ရှိ အစိမ်းရောင်လွယ်အိတ်အတွင်းမှ

၉ မမကျည်ဖြင့်ပစ်ခတ်နိုင်သည့် ကျည်အသင့်ထိုးထားသော M-၂၀ ပစ္စတိုပုံစံဆင်တူ လုပ်သေနတ် ၁ လက်နှင့် ကျည် ၅ တောင့် တို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သဖြင့် အောင်ဆာအား တန့်ယန်းမြို့မရဲစခန်း မယ(ပ)၃/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် လည်းကောင်း၊ (ပ)၇/၂၀၁၄၊ ရှမ်းလက်နက်ပုဒ်မ ၁၂(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

The Mirror Daily

0 comments:

Post a Comment