Friday, January 10, 2014

ဟားခါးမြို့တွင် အခြေခံဥပဒေပြင်ဆင်ရေးသဘောထားဒေါ်အောင်ဆန်း စုကြည်ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ချင်းပြည်နယ်ခရီးစဉ်တွင် ယမန်နေ့ ညနေပိုင်း၌ ဟားခါးမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ ဝမ္မသူးမောင် အားကစား ကွင်း၌၄င်း၏အခြေခံဥပဒေပြင်ဆင် ရေးသဘောထားများကို ပြောကြား ခဲ့သည်။

ဟားခါးမြို့သို့ ရောက်ရှိချိန် တွင် ဒေါ်အောင်ဆန်းစုကြည်အား ချင်းတိုင်းရင်းသားများက ၄င်း အတွက် ရည်ရွယ်ရေးသားထားသော သီချင်းကို သံပြိုင်သီဆို၍ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

မိန့်ခွန်းပြောကြားရာတွင် ဒေါ် အောင်ဆန်းစုကြည်ကအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအပြင် ညှိနှိုင်း ဆွေးနွေးပြီး ပြင်ဆင်ရန်လိုအပ် ကြောင်းပြောသည်။

''အဖြေမထွက်ခင်မှာတွေ့ဆုံ တာကြောင့်မို့ ထွက်လာတဲ့အဖြေဟာ ပိုပြီးတော့ကောင်းတတ်ပါ တယ်''ဟု ဒေါ်အောင်ဆန်း စုကြည် ကပြောသည်။

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အတွက် ၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲ မှာ အရေးကြီးသော်လည်း ၂ဝ၁၄ ခုနှစ်သည် ၂ဝ၁၅ခုနှစ်ထက်ပို၍ အရေးကြီးသည်ဟုလည်းဒေါ်အောင် ဆန်းစုကြည်ကပြောသွားခဲ့သည်။

''၂ဝ၁၄ ဒီနှစ်က ပိုပြီးတော့ အရေးကြီးတယ်လို့ ကျွန်မပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၁၄မှာ စိုက်လိုက်တဲ့မျိုးစေ့က ၂ဝ၁၅မှာပွင့်မှာပါ။ ၂ဝ၁၄မှာအသီး စားလို့ရတဲ့ အပင်စိုက်မှ ၂ဝ၁၅မှာ အသီးစားလို့ရတဲ့ အပင်ပေါက်မှာ ပါ။ ဒါကြောင့် တကယ်အရေးကြီး တာက အခုနှစ်ပဲဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ''ဟုဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင်တပ်မတော်သားများကို သွေးရင်းသားရင်းကဲ့သို့ သဘော ထားကြောင်းပြောသွားခဲ့သည်။ ထို့ နောက် တက်ရောက်လာသည့် ပရိသတ်များထဲမှ မေးမြန်းသည့် မေးခွန်းများကိုဖြေကြားခဲ့သည်။

The Union Daily

0 comments:

Post a Comment