Friday, January 10, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအနီးလက်လုပ်ဗုံးများတွေ့ရှိ နယ်စပ်လုံခြုံရေးများတင်းကျပ်ထား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင်အမှတ် (၄၆)အနီး တွင် လက်လုပ်ဗုံး ၃၉လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘီဂျီဘီတပ်ရင်း (၃ဝ)ကတွေ့ရှိခဲ့ပြီး သိမ်းဆည်းသွားသည့်ဖြစ်စဉ် တစ်ရပ်ဖြစ် ပွားခဲ့ ကြောင်း နယ်စပ်လုံခြုံရေးတာဝန်ခံအရာရှိတစ်ဦးကပြောသည်။

၂ဝ၁၃ခုနှစ် ဒီဇင်ဘာ ၂၈ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိမိနိုင်ငံ ဘက်ခြမ်းတွင်တွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံဘက်ခြမ်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဖြင့် ၄င်းကပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုလ ၅ရက်က အထွေထွေရွေးကောက်ပွဲများပြုလုပ်ကျင်းပ ခဲ့ပြီးသော် လည်း နိုင်ငံတွင်တည်ငြိမ်မှုများမရှိသေးကြောင်းသိရသည်။

မြန်မာနိုင်ငံဘက်မှလည်း နယ်စပ်လုံခြုံရေးကိုတင်းကျပ်စွာချထား လျက်ရှိပြီး မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ရဲတပ်ရင်းများ၊ ကွပ်ကဲရေးအဖွဲ့ချုပ်(ရကဖ) (၄)ဦးစီးသော ရဲတပ်ရင်း များနှင့် တပ်မတော်တပ်ရင်းများချထားကာ နယ်စပ်လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်းလည်းသိရသည်။

ယခင်က တာဝန်ယူခဲ့ သော နယ်စပ်ဒေသကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်းလိုက်ပြီးနောက် မောင်တော ပင်လယ်ကမ်းခြေနှင့် နယ်စပ်နတ်မြစ်ကုန်းတွင်းပိုင်း လုံခြုံရေးကို ရဲတပ်ရင်း
များကတာဝန်ယူထားကြောင်း သိရသည်။

The Union Daily

0 comments:

Post a Comment