ထိုင်းမူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ တွေဟာ ကြိုတင်သတင်းရရှိချက်တွေကြောင့် ချေးရမ်းခရိုင် မက်ချမ်းမြို့နယ်ထဲမှာ စောင့်ဆိုင်းနေ ချိန်မှာ မူးယစ်ကုန်သည်တွေနဲ့တွေ့ရှိပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်တဲ့နေရာဟာ မြန်မာပြည်ဘက်အခြမ်းက UWSA ထိန်းချုပ်နယ်မြေ အစပ်မှာဖြစ်ပါတယ်။
အဲ့ဒီ အလောင်းတွေနဲ့အတူ စိတ်ကြွဆေးပြား ၅၀၀၀၀ (ငါးသောင်း) ပါဝင်တဲ့ အထုပ်(၂၅) ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပါး(၁၂ သိန်း ငါးသောင်း)၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါတဲ့ အထုပ်(၁၃) ထုပ် - စုစုပေါင်း ဘိန်းဖြူ (၂၆) ကီလိုဂရမ် ၊ အေကေရိုင်ဖယ်(၁) လက်၊ လက် နက် ငယ်(၁) လက်နှင့် တရုတ်လုပ် လက်ပစ်ဗုံး တစ်လုံး တို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမူးယစ်တပ်ဖွဲ့ က ပြောဆိုခဲ့ ပါတယ်။
DVB
0 comments:
Post a Comment