Tuesday, January 14, 2014

အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီးများ ပထမဆုံး အစည်းအဝေး စတင်

Photo: အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီးများ ပထမဆုံး အစည်းအဝေး စတင်
Tuesday, January 14, 2014

အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံ ရယူထားသော မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် အတွက် အာဆီယံ စီးပွားရေးဆိုင်ရာ အစည်းအဝေးများ၏ ပထမဆုံး အစည်းအဝေးဖြစ်သော အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော်၌ စတင် ပြုလုပ်လျက် ရှိသည်။ 

အဆိုပါ အစည်းအဝေးပွဲသည် (၄၅) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး အတွက် အကြို ညှိနှိုင်းစည်းဝေးပွဲ ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံက ဦးဆောင်ကာ ၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်မည့် ဦးစားပေး ဆောင်ရွက်ချက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြား စီးပွားဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

ကုန်စည်နှင့် ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ ဉာဏပစ္စည်း မူပိုင်ခွင့်၊ ယှဉ်ပြိုင်နိုင်စွမ်း မူဝါဒ၊ စားသုံးသူ ကာကွယ်ရေးနှင့် အငြင်းပွားမှု ဖြေရှင်းရေး နည်းလမ်းများကို အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွင်းရှိ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ အကြို ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းအပြင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု နယ်မြေကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည် ဖော်ရန် သဘော တူညီထားပြီး ဖြစ်သောကြောင့် အာဆီယံ ပြတင်း တစ်ပေါက်စနစ် အကောင်အထည် ဖော်နိုင်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ကုန်စည် ကုန်သွယ်မှုတို့ကို ညှိနှိုင်း ဆွေးနွေးလျက် ရှိကြောင်း အကောက်ခွန်ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

The Voice Weekly
အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံ ရယူထားသော မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် အတွက် အာဆီယံ စီးပွားရေးဆိုင်ရာ အစည်းအဝေးများ၏ ပထမဆုံး အစည်းအဝေးဖြစ်သော အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော် ၌ စတင် ပြုလုပ်လျက် ရှိသည်။ 
အဆိုပါ အစည်းအဝေးပွဲသည် (၄၅) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်း အဝေး အတွက် အကြို ညှိနှိုင်းစည်းဝေးပွဲ ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံက ဦးဆောင်ကာ ၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်မည့် ဦးစားပေး ဆောင်ရွက်ချက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြား စီးပွားဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောကြားသည်။

ကုန်စည်နှင့် ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ ဉာဏ ပစ္စည်း မူပိုင်ခွင့်၊ ယှဉ်ပြိုင်နိုင်စွမ်း မူဝါဒ၊ စားသုံးသူ ကာကွယ်ရေးနှင့် အငြင်းပွားမှု ဖြေရှင်းရေး နည်းလမ်းများကို အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွင်းရှိ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ အကြို ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းအပြင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု နယ်မြေကို ၂၀၁၅ ခုနှစ်တွင် အကောင် အထည် ဖော်ရန် သဘောတူညီထားပြီး ဖြစ်သောကြောင့် အာဆီယံ ပြတင်း တစ်ပေါက်စနစ် အကောင်အထည် ဖော်နိုင်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ကုန်စည်ကုန်သွယ်မှုတို့ကို ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြား သည်။

The Voice Weekly

0 comments:

Post a Comment