Monday, January 20, 2014

ဗီယက်နမ် မူးယစ်မှောင်ခိုမှု လူ ၃၀ ကျော် သေဒဏ်ချ

အကြီးကျယ်ဆုံး မူးယစ်မှောင်ခိုမှု အမိန့်ချစဉ်
ဗီယက်နမ် နိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုကြတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု ဆိုင်ရာ ကြားနာ စစ်ဆေးမှုမှာ လူ ၃၀ ကျော်ကို တရားရုံးက သေဒဏ် အပြစ် ချမှတ်လိုက် ပါတယ်။

လာအို နိုင်ငံကနေ ဟီးရိုးအင်း ဘိန်းဖြူ နှစ်တန် နီးပါးကို ဗီယက်နမ်က တဆင့် တရုတ် နိုင်ငံဆီ မှောင်ခို သယ်ယူမှုနဲ့ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်မှာ အပြစ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

နောက်ထပ် လူအတော်များများလည်း ထောင်ဒဏ် တစ်သက် အထိ ပြစ်ဒဏ်တွေ ချမှတ် ခံခဲ့ကြ ရပါတယ်။

ကြားနာ စစ်ဆေးရမယ့်လူအရေအတွက် များပြားတာက တစ်ကြောင်း၊ အမှုရဲ့ လေးနက် မှုကြောင့် တစ်ကြောင်းကြောင့် ကြားနာစစ်ဆေးမှုကို နိုင်ငံ မြောက်ပိုင်း Quang Nin ပြည်နယ် က အကျဉ်းထောင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment