Wednesday, January 15, 2014

အထိုင်များသူများ ဆီးချိုနှင့် နှလုံးရောဂါအန္တရာယ် တိုးမြင့်လာနိုင်ဖွယ်ရှိ

လေ့လာမှုတစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များသူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး နိုင်သော အန္တရာယ်ပိုမိုတိုးတက်လာ နိုင်ကြောင်း တွေ့ရှိရသည်။

လက်စတာတက္ကသိုလ် ဆီးချို ရောဂါသုတေသနဌာနစုက လူနာ ၇၉၄၅၇၇ ဦးတို့ကို မတူညီ သည့် စမ်းသပ်လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ကြ ရာမှ အချိန်ကြာကြာ ထိုင်သူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် သေဆုံး နိုင်သည့် အန္တရာယ် နှစ်ဆခန့် တိုးလာသည်ကို တွေ့ရှိခဲ့ ရသည်။ ထို့ကြောင့် ကျန်းမာသောသူ အများစုတို့သည် ကာလကြာရှည် ထိုင်ခြင်းဖြင့် အန္တရာယ် ဖြစ်နိုင် ဖွယ်ရှိသည်ဟု အကြံပြုထား ပါသည်။

အရွယ်ရောက်သူများသည် ၎င်းတို့၏ အချိန် ၅ဝ မှ ၇ဝ ရာခိုင်နှုန်းကို ထိုင်ခြင်းဖြင့် ကုန် ဆုံးစေပြီး ယခု တွေ့ရှိချက်က အကျိုးရှိသော ရလဒ် တစ်ခုဖြစ်စေနိုင်သည်။ လက်စတာ ဆီးချိုရောဂါ သုတေသနဌာနမှ သုတေ သနပညာရှင်နှင့် လေ့လာသူ တစ်ဦး ဖြစ်သူ ဒေါက်တာအမ်မာက ပြော ကြားသည်။ ထိုင်သည့် အချိန်ကို ကန့် သတ်လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချို ရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှု အန္တရာယ်ကို လျှော့ချနိုင်ကြောင်းဖြင့် ၎င်းက ထပ်လောင်း ပြောကြားသည်။

လေ့လာမှုအရ ဆီးချိုရောဂါနှင့် အချိန်ကြာကြာထိုင်ခြင်းတို့ ဆက်စပ် နေပြီး မျိုးရိုးလိုက် ဆီးချိုရောဂါရှိသူ သို့မဟုတ် တောင်အာရှဒေသမှ လူမျိုးစုများ၊ အဝလွန်သူများကဲ့သို့သော ဆီးချိုဝေဒနာရှင်များအတွက် အရေး ကြီးသည့်သတင်း တစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် အချိန်ကြာကြာထိုင်သည့် အလေ့အထကို ကန့်သတ်ခြင်းဖြင့် ဆီးချိုဝေဒနာရှင်များ နောက်ထပ်ဖြစ် ပေါ်လာမည့် အန္တရာယ်ကို လျှော့ချ ရန် အကူအညီ ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

စားပွဲတစ်လုံး၊ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကြာကြာထိုင်၍ အလုပ်လုပ် နေသူများအားလုံး အချိန် ကြာမြင့်စွာ ထိုင်နေခြင်းထက် လှုပ်ရှား မှုများ ပြုလုပ်ကြရန်၊ အထူးသဖြင့် နေ့လယ်စာ စားချိန်၊ နားချိန်တို့တွင် လမ်းလျှောက် ခြင်းနှင့် ရုပ်/သံကြည့် ချိန်ကဲ့သို့ ထိုင်သည့် အချိန်များ အစား တစ်စုံတစ်ခုကို လုပ်ကိုင်ကြရန် လော့ဂ် ဘရော့တက္ကသိုလ်မှ ကျန်းမာရေးနှင့် ရုပ်ပိုင်း ဆိုင် ရာ၊ လှုပ်ရှားမှုပါမောက္ခ စတပ်ဘစ်ဒယ်လ်က အကြံပြုပြော ကြားထားသည်။

သို့ဖြစ်၍ ဆီးချို ရောဂါ၊ နှလုံးရောဂါရှိသူများ၊ အချိန် ကြာကြာထိုင်၍ အလုပ်လုပ်ကြရ သောသူများ ကျန်းမာရေး အထောက် အကူဖြစ်စေရန်နှင့် ရောဂါသက်သာ စေရန် ကိုယ်လက်လှုပ်ရှားမှုများ လုပ် ဆောင်သွားသင့် ကြောင်း အကြံပြု လိုက်ပါသည်။ ။

မင်းသုနိုင်
မြ၀တီ

0 comments:

Post a Comment