Tuesday, January 14, 2014

ဟိုတယ်များ အခွန်ရှောင်လိုသဖြင့် ဝန်ကြီးဌာနကို စာရင်းအမှန်မပေး ဟုဆို

မြန်မာနိုင်ငံရှိ ဟိုတယ်များအနေနှင့် ဟိုတယ်ဝင်ငွေစာရင်း၊ ခရီးသည် ဝင်ရောက်မှု၊ ဟိုတယ် အခန်း အရေအတွက် တို့နှင့် ပတ်သက်၍ ဝန်ကြီးဌာနသို့ စာရင်းအမှန် မပေးခြင်းမှာ အခွန်ရှောင်လို၍ ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

၂၀၁၄ ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ နေပြည်တော်ရှိ ရွှေပြည်တော် ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် System of Tourism Statistics (STS) & Tourism Satellite Account (TSA) အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလထိ ပြုလုပ်ခဲ့ သော စစ်တမ်း များ အရ ခရီးသွားများ၏ အသုံးစရိတ်များအနက် ဟိုတယ်အခန်းခ သည် ၅၀ ရာ ခိုင်နှုန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ထံမှ စုံစမ်းသိရှိရသည်။

"အချက်အလက် အမှန်ရဖို့ အားလုံး ပူးပေါင်းမှရမယ်။ ဟိုတယ်တွေရဲ့ အချက်အလက် တွေကို ဟိုတယ်အသင်းကနေ ဆိုရင် အမှန်ရနိုင်မယ် ထင်တယ်" ဟု Myanmar Tourism Marketing မှ ဈေးကွက်မန်နေဂျာ ဒေါ်တင်နွယ်ဝင့်က ဆိုသည်။

ဟိုတယ်များက အခွန်လျှော့ ဆောင်နိုင်ရန် အတွက် ဝန်ကြီးဌာနကို ဝင်ငွေစာရင်းနှင့် ဟိုတယ် အခန်း အရေအတွက် အမှန်မပေးကြကြောင်း၊ ဟိုတယ် အချက်အလက်များကို ဟိုတယ် အသင်း ကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းကို အချက်အလက် အမှန်ပေးနိုင်သည့် အတွက် ဟိုတယ်များ၏ အချက်အလက် အမှန်ကို အဆိုပါအသင်းများက ရရှိနိုင်ကြောင်း ၄င်းက အကြံပြု ပြောကြားသည်။

"အရင်ကထက်စာရင် နှစ်စဉ်အခွန် ရရှိမူတွေ တက်လာတဲ့အတွက် အခွန် ဆောင်ကြတာကို သိနိုင်ပါတယ်။ အချို့ ဟိုတယ်တွေကတော့ လုပ်ကောင်း လုပ်နိုင်မယ်။ စုန်းပြူးတွေလည်း ရှိမှာ ပါ။ နိုင်ငံတကာ မှာတောင် အခွန်ရှောင်ချင်တာတွေ ရှိတော့ မြန်မာမှာလည်း ရှိနိုင်ပါတယ်" ဟု ငွေဆောင်ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဇော်ဇော်က ဆိုသည်။

The Voice Weekly

0 comments:

Post a Comment