Tuesday, January 14, 2014

တိုင်းအစိုးရအဖွဲ့ မြေယာကိစ္စ ဖြေရှင်းမှုများ လယ်ယာမြေစုံစမ်းရေး ကော်မရှင်က စောင့်ကြည့်မည်

ပြည်ထောင်စုအစိုးရ အဖွဲ့မှ တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဆီသို့ လွှဲပြောင်းထားသည့် အသိမ်းဆည်းခံ လယ်ယာ ကိစ္စများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေရှင်းမှုကို လယ်ယာမြေ စုံစမ်းရေးကော်မရှင်က စောင့်ကြည်မည်ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းဖော်ထုတ်ရေး ကော်မရှင်အဖွဲ့ဝင် ထန်းတပင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားသည်။

"စုံစမ်းရေးကော်မတီရဲ့ အကြံပြုချက် တွေက တည်ဆဲဥပဒေများ နဲ့အညီ ရေးထားတာ။ သူတို့လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြန်ပေးရမယ် ဆိုတဲ့ကိစ္စကို သူတို့အနေနဲ့ ပြန်မပေးဘဲ ဥပဒေအပြင်ဘက် ရောက်အောင်လုပ်မယ်လို့ မယူဆပါဘူး။ သို့သော် ပြည်ထောင်စု လွှတ်တော် မြေယာစုံစမ်းရေး ကော်မရှင်က ခုချိန်မှာ စောင့်ကြည့် မယ်" ဟု ပဲခူးတိုင်းဒေသကြီး သိမ်းဆည်းခံမြေယာနှင့် အခြားမြေများ စုံစမ်းဖော်ထုတ်ရေး အဖွဲ့ခွဲ (၃) အဖွဲ့ဝင်လည်း ဖြစ်သူ ၄င်းကဆိုသည်။

အစိုးရအဖွဲ့၏ ဆောင်ရွက်မှုများမှာ ပွင့်လင်းမြင်သာမှုနှင့် ဥပဒေနှင့် ညီညွှတ်မှု မရှိဟု ပြည်သူ လူထု ဘက်က တင်ပြလျှင် ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ဆွေးနွေးမည်ဖြစ်ကာ အစိုးရအဖွဲ့က မူလပိုင်ရှင် လယ်သမားများထံ ပြန်လည်ပေးရမည့် အထောက်အထား စာရင်း ဇယားများမှာ မြေစာရင်းရုံး များတွင် မရှိသည့်အပြင် တောင်သူများ ဘက်ကလည်း လက်ပြောင်းလက်လွှဲ ရောင်းချမှုများကြောင့် မူလပိုင်ရှင် အစစ်ကို ပြန်လည်ပေးအပ်ရန် အချိန်ကာလ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ဦးစိန်ထွန်းက ဆက်လက် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းတွင် တစ်နည်းနည်းဖြင့် လုပ်ပိုင်ခွင့် ရခဲ့သည့် မြေယာအငြင်းပွားမှုများ ဖြစ်ပွားနေသည့် မြေဧက ရှစ်သောင်းကျော် ရှိနေသည့်အပြင် ဧက တွက်ချက်မရသည့် ကြိုးဝိုင်းမြေ၊ စားကျက်မြေများလည်း အများအပြား ရှိနေသည်။

The Voice Weekly

0 comments:

Post a Comment