ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအား လုပ်ကိုင်ခွင့်ပြုလိုက်ပါ က
တိုင်းပြည်၏ငွေရေးကြေးရေး ကဏ္ဍအပေါ် ကြီးမားသော အန္တ ရာယ်ရှိလာမည်ကို ဘဏ်လုပ်
ငန်းရှင်ကြီးများ စိုးရိမ်လျက်ရှိ ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ် ထားသည့် နိုင်ငံခြားဘဏ် ၃၀ ကျော်ရှိနေပြီး ဗဟိုဘဏ်အနေ ဖြင့် အဆိုပါဘဏ်များအား ပြည် တွင်း၌ ဘဏ်လုပ်ငန်း
လုပ်ကိုင်ခွင့်ပေးရန် ပြင်ဆင် နေသဖြင့် ပြည်တွင်းရှိဘဏ်
လုပ်ငန်းလုပ်ကိုင်သူများက စိုး ရိမ်မှု များ ရှိနေပြီး ခွင့်ပြုပေးပါ က
အကန့်အသတ်ဖြင့်သာ ခွင့် ပြုပေးစေလိုကြောင်း သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ် ထားသည့် နိုင်ငံခြားဘဏ် ၃၀ ကျော်ရှိနေပြီး ဗဟိုဘဏ်အနေ ဖြင့် အဆိုပါဘဏ်များအား ပြည် တွင်း၌ ဘဏ်လုပ်ငန်း
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက““နိုင်ငံရဲ့ငွေရေး ကြေးရေး ကဏ္ဍက ပြည်တွင်း ဘဏ်လုပ်ငန်းတွေရဲ့လက်ထဲ မှာပဲရှိသင့်ပါတယ်။ တိုင်းပြည် တစ်ခုရဲ့ စီးပွားရေးမှာ ဒါကအ ဓိကကဏ္ဍမှာရှိပါတယ်။ နိုင်ငံ ခြားဘဏ်တွေ ၀င်လာလို့ ပြည် တွင်း ဘဏ်တွေက မယှဉ်နိုင်ပဲ ပြိုလဲသွားရင် ကျွန်တော် တို့နိုင် ငံရဲ့ငွေရေးကြေးရေးကဏ္ဍကြီး တစ်ခုလုံး နိုင်ငံခြား ဘဏ်တွေ လက်ထဲရောက်သွားရင် တိုင်း ပြည်စီးပွားရေး ကမောက် ကမ ဖြစ်မှာ စိုးရိမ်ရပါတယ်။ ထိုင်း မှာလည်း ဒီလိုဖြစ်ခဲ့တဲ့ သာဓက တွေရှိခဲ့ ပါတယ်””ဟုပြော သည်။
ပြည်တွင်းဘဏ်လုပ်ငန်း ရှင်တစ်ဦးက““တစ်ချိန်က မြန် မာ့စီးပွားရေးက ကုလားတွေ၊ တရုတ်တွေလက်ထဲရောက်ခဲ့ တာ။ မန္တလေးမှာ မြန် မာတွေ တောင်ချေရောက်သလိုမဖြစ် ဖို့ အရေးကြီးပါတယ်””ဟု ပြော သည်။
နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ငန်းများ ၀င်ရောက်လာပါ က ပြည်တွင်း ဘဏ်များသည် အရင်းအနှီးမယှဉ်နိုင်ခြင်း၊ နိုင်ငံ တကာတွင် အသုံးပြုနေ သည့် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပ ညာများ မယှဉ်နိုင်ခြင်း၊ အဆက် အသွယ်များ မယှဉ်နိုင်ခြင်းများ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
““နိုင်ငံခြားဘဏ်တွေက သူတို့စုထားတဲ့ငွေတွေနဲ့ပဲ လာ လာ၊ ဘဏ် တိုးနဲ့ချေးပြီးလာ လာ၊ သူတို့ဆီမှာက ငွေချေးရင်တော့ အတိုးက ၁ရာခိုင်နှုန်းပဲပေးရ တာ။ ဒီမှာက ၈ရာခိုင်နှုန်းပေး ရတဲ့အတွက် အဲဒီမှာတင်တပန်း ရှုံးနေပြီ””ဟု အဆိုပါဘဏ်လုပ် ငန်းရှင်ကြီးက ရှင်းပြသည်။
““သူတို့လာမှာကို မကန့် ကွက်ပါဘူး။ ခွင့်မပြုသင့်ဘူးလို့ မပြောပါဘူး ။ ပေါင်းလုပ်မယ် ဆိုရင်လဲ ဆတူမဖြစ်ဖို့အရေး ကြီးတယ်။ ကျပ်ငွေမပေးပဲ သူ တို့ကို ဒေါ်လာပဲလုပ်ပိုင်ခွင့်ပေး မလား။ ၀န်ဆောင်မှုအပိုင်းမှာ မြန်မာ ဘဏ်တွေနည်းတူပေး ဖို့လိုပါတယ်။ လက်ရှိမှာလည်း ဗဟိုဘဏ် က ပြည်တွင်းဘဏ် တွေရဲ့ စကားကို နားထောင်ဖို့ လိုသလို သူတို့နဲ့လည်း ညှိနှိုင်း သင့်ပါတယ်””ဟု အခြားဘဏ် လုပ်ငန်းရှင်ကြီးတစ်ဦးကပြော သည်။
Yangon Media Group
0 comments:
Post a Comment