မန္တလေးမြို့တွင်း ရွှေဆိုင်အရေအတွက်
တိုးမြင့်လာသော်လည်း လုံခြုံရေးအတွက် ကောင်းမွန်သောစနစ် မရှိသေးခြင်း၊
လုံခြုံရေးအတွက် တပ်ဆင်ထားသော အထောက် အကူပြုကိရိယာများမှာလည်း အဆင့်မမီ
ခြင်းနှင့် လုံခြုံရေး အစောင့် ထားရှိမှု ပိုင်းဆိုင်ရာ အားနည်းနေခြင်းကြောင့်
ယခုကဲ့သို့ လုံခြုံရေးအသိပေး စည်းကမ်များကို လုပ်ဆောင်ရန်
စီစဉ်ခြင်းဖြစ်သည်။
“ရွှေဆိုင်တွေကို လုံခြုံရေးနဲ့ပတ်သက်ပြီး
စီမံချက်ချမှတ် လုပ်ဆောင်နေပါတယ်။ လုံခြုံရေး အတွက်လို အပ်တဲ့
အထောက်အကူပြုပစ္စည်းတွေကိုလည်း အဆင့်အတန်းမီ တပ် ဆင်နိုင်အောင်
လုပ်ဆောင်ထားဖို့ အသိပေးထားပါတယ်။ မိုးကုတ်မှာဖြစ်ပွားခဲ့တဲ့
ရွှေဆိုင် ဓားပြတိုက်မှုမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ အ
ထောက်အကူပြုပစ္စည်းမရှိတဲ့အတွက် တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက်
အခုစီမံချက်တစ်ခု အဖြစ် သတ်မှတ် လုပ်ဆောင်ခြင်းဖြစ် ပါတယ်”ဟု ရဲမှူးက
ပြောသည်။
စည်းကမ်းချက်များသတ်မှတ်ခြင်းအပြင်
လုံခြုံရေးအစောင့်များအား အသိပညာ အတတ်ပညာများ ပေး ခြင်း၊ ဆိုင်ရှင်များအား
မိမိတို့ရောင်းချနေသော ပစ္စည်း၏ တန်ဖိုးပေါ် မူတည်ကာ လုံခြုံရေးအတွက် အ
ထောက်အကူပြုကိရိယာများ တပ်ဆင်ရန် အသိပေးခြင်းနှင့် မြို့တွင်းတွင်
လိုအပ်သော လုံခြုံရေးပိုင်း ဆိုင်ရာများကို အသင့်အနေအထားဖြင့်
ပြင်ဆင်ထားရှိခြင်းတို့ကို စတင်လုပ်နေပြီဖြစ်သည်။
ထို့အပြင်
မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တပ်ဆင်ဆောင်ရွက်မည့် အဓိကလမ်းမများနှင့်
အခြားသောနေရာများ တွင် စီစီတီဗွီကင်မရာများ တပ်ဆင်ဆောင်ရွက်ခြင်းကိုလည်း
အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားရှိသည်။
မန္တလေးမြို့တွင် ရွှေဆိုင်ပေါင်းရာဂဏန်းကျော်ရှိပြီး လက်ရှိစစ်ဆေးမှုများ
ပြုလုပ်နေချိန်တွင် အဓိကလမ်း မများပေါ်ရှိဆိုင်များတွင်သာ
လုံခြုံရေးအထောက်အကူပြုပစ္စည်းများကို အသုံးပြုထားကြောင်း သို့ဖြစ်၍
ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် အသိပေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
Mizzima
0 comments:
Post a Comment