ထိုင်းနိုင်ငံ တွင်ဖြစ်ပွားနေသော ပြည်တွင်း နိုင်ငံရေး အခြေအနေများတွင်
မြန်မာ နိုင်ငံသားများပါဝင်မှုမရှိ စေရန်အတွက် ထိုင်းနိုင်ငံရှိမြန်မာ
သံရုံးမှ သတိပေးနှိုးဆော်စာထုတ် ပြန်ထားကြောင်း သိရသည်။ အဆိုပါ အသိပေး
နှိုးဆော် စာအား ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မြန်မာသံရုံးမှ ၂၀၁၄
ခုနှစ် ဇန်နဝါရီ ၆ ရက်စွဲဖြင့် အသိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း
သိရသည်။ ယင်းတွင် ထိုင်းနိုင်ငံရှိပြည်
တွင်း နိုင်ငံရေး အခြေ အနေများ တွင် ထိုင်းနိုင်ငံ သို့ အကြောင်း
အမျိုးမျိုးနှင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံ သားများ အနေဖြင့်
ထိုင်း-မြန်မာချစ်ကြည်ရေးကို ထိန်းသိမ်းရန်နှင့် မိမိတို့လုံခြုံရေး ကို
ကြိုတင် ကာကွယ်သည့် အနေ ဖြင့် ပိတ်ဆို့ဆန္ဒပြခြင်းများတွင်
ပါဝင်ခြင်းကိုရှောင်ရှားရန်ဖြစ် ကြောင်း သိရသည်။
ဆက်လက်ပြီး ယင်းစာတွင် အထူးသဖြင့် ဇန်နဝါရီ ၁၃ရက် တွင် ဘန်ကောက်တစ်မြို့လုံး Bangkok Shutdown ဆန္ဒ ပြပွဲတွင် နိုင်ငံရေးလူစုလူဝေးများ ပြုလုပ်ခြင်းနှင့် လူစုရုံးချီတက် သည့် မြို့များကိုရှောင် ရှားပြီး မိမိတို့၏ လုံခြုံရေး ကိုအထူး ဂရုစိုက်ကာ ဒေသဆိုင်ရာသတင်းမီဒီယာ များမှ သတင်း ထုတ်ပြန် ချက်များ အား စဉ်ဆက်မပြတ်လေ့လာရန် အတွက်အသိပေးနှိုးဆော်ထား ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရောက် မြန်မာလုပ်သားအ ခွင့်အရေးအသိုက်အဝန်းမှလည်း မြန်မာ လုပ်သားများ အနေဖြင့် နိုင်ငံရေးပဋိပက္ခများတွင် ပါဝင် ပတ်သက်ခြင်းများ မရှိကြောင်း၊ သို့ရာတွင် ယင်းတို့၏ လုပ်ငန်းရှင် များမှာ ခေါ်ဆောင် ပါက မယောင်မလည်နှင့် ပါဝင်မှုများရှိကြောင်း လည်း ပြောပြချက်အရသိရသည်။
ရွှေ့ပြောင်း လုပ်သားအခွင့် အရေးကာကွယ်ရေးကွန်ရက်မှ စီမံကိန်းဒါရိုက်တာ ဦးစိန်ဌေးက ''မြန်မာရွှေ့ပြောင်းလုပ်သားတွေ က ထိုင်းနိုင်ငံအရေးကို စိတ်ဝင် စားဖို့ထက် ကိုယ့်နိုင်ငံအရေးတောင် စိတ်ဝင်စားတာမဟုတ်ဘူး။ ဒါပေ မဲ့ ပြီးခဲ့တဲ့ နှစ်က မဟာချိုင်မှာ ဆန္ဒပြပွဲတစ်ခုလုပ်တုန်းက ပုစွန် စက်ရုံက လုပ်ငန်းရှင်က သူ့လုပ် သားတွေကို အဲ့ဒီနေရာခေါ်သွား တာရှိတယ်။ အဲ့ဒီနေရာကလဲ ဘန်ကောက်နဲ့အဝေးကြီးပါပဲ။ ဒါပေမဲ့ အလုပ်သမားတွေကမ ယောင်မလည်နဲ့ လမ်းလျှောက် လိုက်ရ တာဖြစ်တယ်။ အခုလဲ ဒီလိုမဖြစ်အောင်တော့ အချင်း ချင်းအသိပေးတာရှိတယ်။ လုပ် သားအများစုက တိုင်းရင်းသား တွေဖြစ်နေတော့လဲ ကြောက်လို့ မလုပ်ကြပါဘူး''ဟု ပြောသည်။ ထိုင်းနိုင်ငံတွင် လက်ရှိအာ ဏာရပါတီအား မကျေနပ် သဖြင့် ဆန္ဒပြပွဲများပြုလုပ်လျက်ရှိပြီး နှစ်ဖက်ပါတီနှစ်သက်သူများမှ အားပြိုင်မှုများပြုလုပ်ပြီး မကြာ ခဏပဋိပက္ခဖြစ်ပေါ်မှုများရှိ ကြောင်း သိရသည်။
စိုင်းဟန်
Yangon Media Group
0 comments:
Post a Comment