Friday, January 17, 2014

နှစ်စဉ်အခွန်လျာထားချက် တိုးမည်ဟုဆို

Photo: နှစ်စဉ်အခွန်လျာထားချက် တိုးမည်ဟုဆို
Friday, January 17, 2014

လူဦးရေ တိုးတက်လာခြင်းနှင့်အတူ အခွန်ထမ်းဦးရေ တိုးတက်လာခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် အခွန်လျာထားချက်များ တိုးလာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အဓိက အကြောင်းရင်းကတော့ စီးပွားရေးလုပ်ငန်းတွေ တိုးလာလို့ပါ” ဟု ၎င်းကပြောဆိုသည်။

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွက် အခွန်လျာထားမှု ပမာဏမှာ ကျပ် ၅၉၀ ဘီလီယံဖြစ်ပြီး အခွန်ကောက်ခံ ရရှိမှုမှာ လျာထားချက်ထက် ကျော်လွန်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစမှ ဒီဇင်ဘာလအထိ လျာထားချက်ထက် ၇၀ ရာခိုင်နှုန်းခန့် အခွန်ကောက်ခံ ပြီးစီးပြီ ဖြစ်ပြီး ကောက်ခံ ရရှိမှုသည် ပြီးခဲ့သည့်နှစ်ထက် မြန်ဆန်ကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။

လာမည့်နှစ် များတွင်လည်း အခွန်သတ်မှတ်မှုများ ပိုမို များပြားလာဦးမည်ဖြစ်ကာ အခွန်ထမ်းများကလည်း ပုံမှန်အခွန် ပေးဆောင်ကြကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
လူဦးရေ တိုးတက်လာခြင်းနှင့်အတူ အခွန်ထမ်းဦးရေ တိုးတက်လာခြင်းကြောင့် တစ်နှစ်ထက် တစ်နှစ် အခွန်လျာထားချက်များ တိုးလာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အဓိက အကြောင်းရင်းကတော့ စီးပွားရေးလုပ်ငန်းတွေ တိုးလာလို့ပါ” ဟု ၎င်းကပြော ဆို သည်။

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွက် အခွန်လျာထားမှု ပမာဏမှာ ကျပ် ၅၉၀ ဘီလီယံဖြစ်ပြီး အခွန်ကောက်ခံ ရရှိမှုမှာ လျာထားချက်ထက် ကျော်လွန်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အစမှ ဒီဇင်ဘာလအထိ လျာထား ချက်ထက် ၇၀ ရာခိုင်နှုန်းခန့် အခွန်ကောက်ခံ ပြီးစီးပြီ ဖြစ်ပြီး ကောက်ခံ ရရှိမှုသည် ပြီးခဲ့ သည့်နှစ် ထက် မြန်ဆန်ကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။

လာမည့်နှစ် များတွင်လည်း အခွန်သတ်မှတ်မှုများ ပိုမို များပြားလာဦးမည်ဖြစ်ကာ အခွန် ထမ်းများကလည်း ပုံမှန်အခွန် ပေးဆောင်ကြကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment