ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင် လာသောကားမှာ
အရှိန် မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့၍ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင်ကားသည် မိုင်တိုင်အမှတ် ၁၀ ကြားအရောက် တွင် လမ်းကွေ့ကြောအားကွေ့စဉ် ယာဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသောတန်းများကို တိုက်မိခဲ့သည်။

ထို့နောက် လမ်းလယ်ကျွန်းရှိအုတ်ကန်ကို ၀င်တိုက်မိပြီး ယာဉ်ရပ်တန့်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် နှင့် အသက် ၁၃ နှစ်အရွယ် ကလေးတို့မှာ နှာခေါင်း၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။
““ကားပေါ်မှာတော့ သူရယ်ကလေးနှစ်ယောက်ပဲပါတယ်။ အမြန်လမ်းမှာ ယာဉ်မှောက်တာ အမျိုးသားတွေပဲ များတယ်။ အမျိုးသမီးမောင်းလို့ ယာဉ်တိမ်းမှောက်တာသိပ်မရှိဘူး”” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ရှေ့ခေါင်းပိုင်းကြေသွားခဲ့ပြီး ကိုယ်ထည် များတွင်လည်းပွန်းပဲ့သွားခဲ့ရာ ငွေကျပ်တန်ဖိုးသိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ၎င်းအား အမှတ် (၃)အမြန်လမ်းမ ရဲစခန်း မှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7day Daily
0 comments:
Post a Comment