Tuesday, May 14, 2013

ပြည်သူ့စစ် သင်တန်း တက်ရောက်ပြီး သူများအား ကေအိုင်အေ (ကချင်) အဖွဲ့မှ အတင်း အဓမ္မ လူသစ် စုဆောင်း

ပြည်သူ့စစ် သင်တန်း တက်ရောက်ပြီး သူများအား ကေအိုင်အေ (ကချင်) အဖွဲ့မှ အတင်း အဓမ္မ လူသစ် စုဆောင်း


၂၀၁၃ခုနှစ် မေလ ၁၀ရက်နေ့တွင် ကေအိုင်အေ (ကချင်)အဖွဲ့ ဗဟို ဌာနချုပ် (လိုင်ဇာ)မှ တပ်မဟာ(၃)နှင့် အခြား နယ်မြေများရှိ ပြည်သူ့စစ် သင်တန်း တက်ရောက်ပြီးစီး သူများအား ကေအိုင်အေ တပ်ဖွဲ့ဝင်များ အဖြစ် တာဝန် ထမ်းဆောင်ရန် အတင်း အဓမ္မ လူသစ်စုဆောင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိုင်ဂျာယန်ရှိ ပြည်သူ့စစ်များသည် ကျေးရွာနှင့် မြို့များကိုသာ ကာကွယ်ပေးရန် ဖြစ်ပြီး၊ ယခုအခါ ပြည်သူ့စစ်များမှ ကေအိုင်အေ တပ်ဖွဲ့ဝင်များအဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင်ရ မည်ဟု ကေအိုင်အေ လူကြီးများမှ ညွှန်ကြားခဲ့သည့်အတွက် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment