မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားသန်းသန်းထွေးကို လက်ဆွဲနှုတ်ဆက် လိုသောကြောင့် ပွဲကြည့်စင်ပေါ်မှခုန်ချခဲ့သည့် အမျိုးသားတစ်ဦးဘယ်ဘက် ခြေထောက် ရိုးနှစ်ချောင်းကျိုး သွား၍ မန္တလေးဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ ရကြောင်း သတင်းရရှိသည်။
ယခုလ ၂၀ ရက် ညနေ ၄ နာရီမှ ၆ နာရီအတွင်းကျင်းပသည့် အမျိုးသမီး ဆီးဂိမ်းဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် တတိယနေရာရခဲ့သည့် မြန်မာအမျိုးသမီးအသင်းက ပွဲကြည့်စင်တစ်လျှောက်လုံးရှိ ပရိသတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။
ထိုအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်နေသူ အသက် (၂၄) နှစ် အရွယ်အမျိုးသားတစ်ဦးသည် ကျောနံပါတ် ၇ ကွင်းလယ်ကစားသမားသန်းသန်းထွေးကို အနီးကပ် လက်ဆွဲနှုတ်ဆက်လို၍ ပွဲကြည့်စင်ပေါ်မှခုန်ချခဲ့ရာ ဘယ်ဘက်ခြေထောက်ရိုးနှစ်ချောင်းကျိုးသွား သည်။
၎င်းကို ညနေ၆နာရီခွဲတွင် မန္တလေးဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကာ ဆေးကု သမှု ခံယူစေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှသတင်းရရှိသည်
ခြေထောက်ရိုးကျိုးခဲ့သည့်အမျိုးသားမှ မန္တလေးဆေးရုံကြီးတွင်ဆးကုသမှုခံယူခဲ့ပြီး ယခုဆေးရုံကြီးမှ ဆင်းခွင့်ပြုခဲ့သည်။
မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသည့်
မြန်မာအမျိုးသမီးအသင်း၏ ဆီးဂိမ်းဘောလုံးပွဲစဉ်အားလုံးတွင် ပါဝင်ကစားပြီး ပွဲတိုင်းနီးပါး ခြေစွမ်းပြ ကစားခဲ့သည့် ကွင်းလယ်ကစားသမား သန်းသန်းထွေးမှာ ကွင်းအတွင်းလာရောက်ကြည့်ရှုသူ ပရိသတ် များ၏ အဓိကအားပေးခြင်းကိုခံခဲ့ရသည်။
7Day Daily
Photo From Niifzz Zin Zay
0 comments:
Post a Comment