၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ကောက်ယူမည့် သန်းခေါင်စာရင်းသည်
အများပြည်သူ အကျိုးစီးပွားအတွက် နိုင်ငံတော် ကဆောင်ရွက်ပေးခြင်း ဖြစ်ရာ
မေးသမျှကို အမှန် အတိုင်းဖြေကြားပေး ရန်လိုအပ် ကြောင်း မုံရွာမြို့နယ်
လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး က မေတ္တာ ရပ်ခံပြောကြားသည်။
''သန်းခေါင်စာရင်းမှာ ဖြေကြားတာတွေနဲ့ပတ်သက်
လို့ဘာကိုမှစိုးရိမ်စရာမလိုပါဘူး။ ပြောသမျှကိုလဲ ဘယ်သူ့
ကိုမှအသိမပေးပါဘူး။ဥပဒေအရလဲကာကွယ်ထားပါတယ်။ ဥပမာ- မိဘပြည်သူများရဲ့
အိမ်ထောင်စုဝင် တစ်ယောက် ယောက်နိုင်ငံခြားကို တရားမဝင်သွားရောက်နေတယ်ဆို
ရင်တောင် အခုသန်းခေါင်စာရင်းကိစ္စမှာ ဘယ်လိုမှ အရေး ယူမှာမဟုတ်တဲ့အတွက်
မကွယ်မဝှက်အမှန်အတိုင်းဖြေ ကြားပေးကြပါ''ဟု သက်ဆိုင်ရာမှတိုက်တွန်းထားသည်။
သန်းခေါင်စာရင်းကောက်သည့်လုပ်ငန်းသည် ပမာဏ ကြီးမားလွန်း၍
ငွေကုန်ကြေးကျများလှသည့် အတွက် နိုင်ငံခြားတိုင်းပြည်များတွင်ပင် ၁ဝ
နှစ်တစ်ကြိမ်သာ ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း
မကောက်နိုင်သည်မှာ နှစ်ပေါင်း ၃ဝ ရှိပြီဖြစ်ကာ နောက် တစ်ကြိမ်
သန်းခေါင် စာရင်းကောက်ရန် ၁ဝ နှစ်ခန့်ထပ် စောင့်ရဦးမည်ဖြစ်သောကြောင့်
ကြုံတောင့်ကြုံခဲ သန်း ခေါင်စာရင်း လုပ်ငန်းတွင်အများပြည်သူအားလုံးကတက်ကြွ
စွာ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသစ်က ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည့်
ရပ်ကွက်(သို့မဟုတ်) ကျေးရွာ
အုပ်စုအုပ်ချုပ်ရေးဥပဒေပါရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၏
လုပ်ငန်း တာဝန်များ အပိုင်းတွင် ဖွားသေ မှတ်ပုံတင်၊ မွေးတိုး၊ သေလျော့၊
ပြောင်းဝင်၊ ပြောင်းထွက်၊ အိုးခွဲ၊ အိမ်ခွဲများကို နောက်ဆုံးအခြေအနေနှင့်
ကိုက်ညီ အောင်စီမံထားရှိရန် တာဝန်များသတ်မှတ်ပေးထားပြီးဖြစ် ကြောင်း၊
ထို့ကြောင့် မိမိ၏ဆယ်အိမ်စု၊ ရာအိမ်စုပိုင်း အတွင်းမှာ
နောက်ဆုံးအခြေအနေနှင့် ကိုက်ညီရန်စာရင်း ဇယားများရယူထားကြစေလိုကြောင်း
အကြံပြုထားသည်။
The Union Daily
0 comments:
Post a Comment