Sunday, December 22, 2013

ယူဂန္ဓာတွင် လိင်တူပျော်ပါးမှုအမြင့်ဆုံး ပြစ်ဒဏ်ကို သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်း

ဒီဇင်ဘာ ၂၀ ရက်က ယူဂန္ဓာမှ နိုင်ငံရေးခေါင်းဆောင်များက လိင်တူပျော်ပါးမှုအတွက် အမြင့် ဆုံးပြစ်ဒဏ် အဖြစ် သေဒဏ် သတ်မှတ်ထားရာမှ ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်း လဲ လျာ့ချလိုက်သည်။

၂၀၁၀ခုနှစ်က စတင်ကျင့်သုံးခဲ့သည့် ဥပဒေကို ပါလီမန်၏ သဘောတူညီချက်ဖြင့် ပြင်ဆင် လိုက်ခြင်းဖြစ် သည်။
ပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောင်းလဲပြင်ဆင်လိုက်သည့် ဥပဒေကို သမ္မတ ယိုဝါရီမူဆယ်ဗန်နီ မှ မဖြစ်မနေ လက်မှတ်ထိုးပေးလိမ့်မ်ြဖစ်ကြောင်း၊ ယင်းဥပဒေကို ၂၀၀၉ခုနှစ်က ပါလီမန်ကပင် စတင် မိတ်ဆက် ခဲ့ကြောင်းဆိုသည်။

ိလိင်တူပျော်ပါးမှုသည် ယူဂန္ဓာတွင် မတရားမ၀င် အပြစ်ကျူးလွန်ခြင်း မြောက်၏။ ရာဇ၀တ်မှု မြောက်သော
လိင်ဆက်ဆံမှု၊ သသာဝနှင့် ဆန့်ကျင်သော လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်။

ပါလီမန်များက လိင်တူနှစ်သက်မှုသည် ယူဂန္ဓာမှ ကလေးသူငယ်များကို ဂေး ဘ၀ရောက်အောင် တွန်း ပို့စေပြီး မိသားစုဘ၀ကို ပျက်စီးရန် ချိန်းခြောက်နိုင်သည်ဟု ယူဆကာ ဥပဒေနှင့် တားမြစ်ထားသည်။

ယူဂန္ဓာမှ ဂေးများမူ နိုင်ငံအတွင်း နိုင်ငံရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်များသည် အမေရိကန်မှ ပရိုတက်စတင့် ဘာသာဝင်များ၏ ယုံကြည်မှုနှင့်ကယ်တင်ခြင်းနည်းလမ်းကို ထိမ်းသိမ်းသည့် အယူအဆ လွှမ်းမိုးခံနေရကြောင်း ဆိုသည်။

ယူဂန္ဓာတွင် ၂၀၁၂ခုနှစ်က လူ့အခွင့်အရေးသမားတို့၏ အားပေးထောက်ပံမှုဖြင့် ပထမဆုံးအကြိမ် ဂေးများ စုပေါင်းကာ လမ်းမများတွင် ချီတတ်ပွဲများ ပြုလုပ်ခဲ့သည်။ သို့သော် နိုင်ငံအတွင်း အထင်ရှားဆုံးဖြစ်သည့် ဥပေဒပြုအဖွဲ့က ကလေးများ၏ အနာဂတ်ကို ကာကွယ်ရန် ဥပဒေကို ပြဌာန်းအတည်ပြုရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သောနှစ် ခရစ္စမတ်မတိုင်မီကာလက ပါလီမန်ဥက္ကဋ္ဌ ရဘက်ကာကတ်ဒါဂါက ဂေးဆန့်ကျင့်သည့် ဥပဒေကို ယူဂန္ဓာ သားတို့အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ခွင့်ပြုလိုက်ပြီဟု ပြောခဲ့ဖူးသည်။

Ref: AFP
The Myanma Age

0 comments:

Post a Comment