လားရှိုးမြို့တွင်
အမှတ်(၂၄)ရဲတပ်ဖွဲ့စု လားရှိုးမှရပ်ကွက်(၇)နယ်မြေ(၆)
အမှတ်(ဆ/၆/၈၉)နေအိမ်အား သတင်း အရ ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများ
သုံးသိန်းကျော်ဖိုးနှင့် ဆေးသုံးစွဲနေသူများအား ဒီဇင်ဘာ ၁၇ရက်တွင်
ဖမ်းဆီးရကြောင်း ၎င်းမူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာလားရှိုးမြို့ရှိ အဆိုပါနေအိမ်သို့ အမှတ်(၂၄)ရဲတပ်ဖွဲ့စု လားရှိုးမှရဲအုပ်ငြိမ်းချမ်းစိုးဦးစီ၍ ရဲအုပ်ဒေါ်ခင်သီတာနှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ ၀င်ရောက်ရှာဖွေရာ မအေးရွှေဆိုသူအား အိမ်၏အနောက်ဖက်တွင်တွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အင်္ကျအိတ်အတွင်းမှအအေးစုပ်ပိုက်တစ်ပိုက်ထဲတွင်88နှင့်1စာတန်းတစ်
ဆေးပြား ဆယ်ပြားပါ (၁၇)ပိုက်ဆေးပြာပေါင်း(၁၇၀)ပြား
အဆိုပါဆေးပြားများရောင်းချသူ မအေးရွှေ (၇)နယ်မြေ(၆) အိမ်အမှတ်(ဆ/၆/၈၉) ရွှေစင်လမ်းနေသူအား လားရှိုး မမစမယ(ပ)၈၈/၂၀၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉(က)နှင့် အဆိုပါနေအိမ်၌ ဆေးပြားလက်ဝယ် တွေ့ရှိ သုံးစွဲနေသူခွန်ကျော်ကျော် ရပ်ကွက်(၇)နယ်မြေ(၆)၊ အိမ်အမှတ်(ဆ/၆/၈၉)ရွှေစင်လမ်း၊ ကျော်ဌေး ရပ်ကွက်(၅)နယ်မြေ(၁၃) (၁၉)လမ်းနှင့် ကျော်မြင့်ထွန်း ရပ်ကွက်(၅)နယ်မြေ(၁၃)တို့သုံးဦးအား လားရှိုး မမစမယ(ပ)၈၉/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၆(ဂ)/
စိုးမင်းနိုင်
0 comments:
Post a Comment