Sunday, December 15, 2013

မင်္ဂလာဒုံမြို့နယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ကာ (၂)ဦးသေ၊ (၁၁)ဦးဒဏ်ရာရ

၁၄.၁၂.၂၀၁၃ရက်နေ့ ၀၅၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ရန်ကုန် ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ် ပ/၂၆၆၊ ဟိုင်းလတ် ခရီသည်တင် ယာဉ် သည် ကျိုက္ကလဲ့ဘူတာသံလမ်းမပေါ်ရှိ တံတားပေါ်မှ ရထားသံလမ်းပေါ်သို့ပုတ်ကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီသည် (၂)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန် ခရီသည် ကျား/
မ(၁၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိသဖြင့် အင်းစိန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တက်ရောက်ကုသနေရသောကြောင့် ယာဉ်အား မဆင်မခြင်မာင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)အား ယာဉ်ထိန်းတပ်ဖွဲ့စု(၁၃)မှ တရားလိုပြု လုပ်တိုင် တန်း သဖြင့် မင်္ဂလာဒုံမြို့မ ရဲစခန်း ယာဉ်(ပ)၁၀၄/၂၀၁၃၊ ပုဒ်မ၂၇၉/၃၃၈/၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်အရေး ယူထား ရှိပြီး တရားခံ ဖမ်းဆီးရမိရေးစုံစမ်းဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment