Wednesday, December 11, 2013

စစ်အာဏာရှင်စနစ်နှင့်အတူ မြန်မာ့ကျန်းမာရေးစနစ် ဆိုးရွားလာခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


နှစ်ပေါင်း ၅၀ နီးပါး အာဏာရှင်စနစ်အောက် ကျရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ကျန်းမာရေးစနစ်မှာ လည်း အာဏာရှင်စနစ်နှင့်အတူ ဆိုးရွားလာခဲ့သည်ဟု ဒီဇင်ဘာ ၁၀ ရက် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြု လုပ်သည့် ကိုးကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံမိန့်ခွန်း၌ ဒေါ် အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားခဲ့သည်။

“အခြေခံအုပ်ချုပ်ရေး လုပ်နည်းလုပ်ဟန်တွေက အားနည်းပါတယ်။ ဒါဟာ စစ်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ နှစ်တွေနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့အရာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကျန်းမာရေးသည် မိမိတို့နိုင်ငံအတွက် “အရေးကြီးဆုံး ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်”ဟု ဆိုလိုက်ပြီး မြန်မာ နိုင်ငံတွင် တန်ဘိုးရှိသည့် ကျန်းမာရေးစနစ်တစ်ခုကိုလည်း တည်ဆောက်လိုသည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ထောက်ပြခဲ့သေးသည်။

ကမ္ဘာ့ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံ (WISH) အား ကာတာနိုင်ငံ ဒိုဟာမြို့ရှိ ကာတာ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပ မည်ဖြစ်သည်။

ယင်းအစည်းအဝေးမှာ အ၀လွန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လမ်းဘေး မတော်တစ်ဆမှုများမှ တစ်ဆင့် ဒဏ်ရာရရှိခြင်းတို့အပါအ၀င် ကမ္ဘာတလွှား ရင်ဆိုင်နေရသော စိန်ခေါ်ချက် ရှစ်ချက်အား ဆန်း သစ်တီထွင်နိုင်မည့် နည်းလမ်းများအား ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်သည်။

ထို့အတူ ကျန်းမာရေးမူဝါဒများ၊ ကျန်းမာရေးစနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၌ ဆန်းသစ်တီ ထွင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာရေးအား အားပေးအားမြှောက် ပြုလုပ်ရန်အတွက် ယခုကဲ့ သို့ ကမ္ဘာ့ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံ ကျင်းပခြင်းဖြစ်သည်။

ယင်းသို့ နိုင်ငံပေါင်း ၅၀ကျော်မှ မူဝါဒရေးရာချမှတ်သူများ၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ နှင့် အောင်မြင်ကျော်ကြားသော ဆေးပညာရှင်ပေါင်း ၆၀၀ ကျော် တက်ရောက်မည် ဖြစ်သည်ဟုလည်း မော်စကိုအခြေစိုက် Pravda.com တွင် ဖော်ပြထားသည်။

ယင်းအစည်းဝေးပွဲသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အရှင် ဥာဏိဿရကိုလည်း ဖိတ်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၉ ရက်က ကာတာနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

Mizzima

0 comments:

Post a Comment