Tuesday, December 17, 2013

ညီမကတရားလို အစ်ကိုကဓားဖြင့်ခုတ် သေသူက ဖခင်ဖြစ်တဲ့ ခေတ်သစ်အဇာတသတ်ဖြစ်ရပ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုကိ္ကု ကုန်းရဲစခန်းပိုင်နယ်မြေတွင် သားဖြစ်သူက ဖခင်ဖြစ်သူကို လယ်ယာသုံး ဓားမဖြင့် ခုတ်သတ်မှုဖြစ် ပွားနေကြောင်း သတင်းရသည်။
 ဒီဇင်ဘာ ၁၅ ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့်က တောင်တွင်း ကြီးမြို့နယ်၊ ကြို့ချောင်းအလယ် စုရွာနေ မတင်တင်မြင့် (၁၈)နှစ်၊ (ဘ)ဦးအောင်သာ၊ တောင်သူ လုပ်ကိုင်သူသည် ဖခင်ဖြစ်သူ ဦး အောင်သာနှင့်အတူ မီးလှုံနေစဉ် တစ်ဝိုင်းတည်းအိမ်တောင်ဘက် ကပ်လျက်ရှိနေအိမ်တွင် တစ်ဦး တည်းနေထိုင်သောအစ်ကိုအရင်း ဖြစ်သူ ကိုမြင့်ဇော်(၃၇)နှစ်၊ (ဘ) ဦးအောင်သာသည် ဖခင်၏ဆို ဆုံးမမှုတို့ကိုမကျေနပ်၍ နေအိမ် ပေါ်မှဆင်းလာပြီး လက်ထဲတွင် အသင့်ပါလာသော ၀ါးရိုးတပ် အရိုးအသွား (၂၂)လက်မရှိ တောင်သူသုံးဓားမဖြင့် ဖခင် ဖြစ်သူကို ခုတ်ရာဦးခေါင်းထိပ် (၆)လက်မခန့်ပြတ်ရှဒဏ်ရာ (၁) ချက်၊ ယာဘက်လက်ပြင်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာခြေသလုံး ပြတ်ရှဒဏ်ရာ(၁)ချက် ဒဏ်ရာ များအသီးသီးရရှိသဖြင့် သမီး ဖြစ်သူ မတင်တင်မြင့်က ပတ်ဝန်း ကျင်ကို အော်ဟစ်အကူအညီ တောင်းခံရာ အိမ်နီးချင်းများ ဖြစ်သော ဦးဖိုးငို၊ ဦးခင်မောင်ကြည်၊ ဦးကျော်လှ၊ မတင်မာဝင်း၊ အောင် ကိုလင်း တို့ရောက်ရှိလာကြရာ မြင့်ဇော်မှာ အခင်းဖြစ်ရာနေရာမှ ထွက်သွားခဲ့ကြောင်း၊  ဒဏ်ရာရရှိ သူ ဖခင်ကို ကုကိ္ကုကုန်းတိုက် နယ်ဆေးရုံသို့ ပို့အပ်ဆေးဝါးကုသ ခဲ့ကြောင်း၊ ထို့နောက်သမီးဖြစ်သူ မတင်တင်မြင့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကုကိ္ကုကုန်းရဲစခန်း က (ပ) ၅၆/၂၀၁၃ ပြစ်မှုပုဒ်မ၃၂၆ ဖြင့် စစ်ဆေးနေစဉ် ဓားဖြင့်ခုတ်ခံ ရသူ ဦးအောင်သာမှာ ထိုနေ့ ညနေ(၄း၄၅)နာရီအချိန် ရရှိဒဏ် ရာများဖြင့် ကုကိ္ကုကုန်းတိုက်ဆေး ရုံတွင် သေဆုံးသွားပါသဖြင့် ယခင်ဖွင့်လှစ်ထားသော (ပ) ၅၆/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ မှ (ပ) ၅၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ သို့ အမှုပြောင်းလဲဖွင့်လှစ်ပြီး သက် ဆိုင်ရာတရားရုံးသို့ အမြန်တရား စွဲတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရသည်။


ဟင်္သာ (တောင်တွင်းကြီး)



Hot News Journal

0 comments:

Post a Comment