ဖွံ့ဖြိုးတိုးတက်လာသည့် နောက်ပိုင်းတွင် အနုပညာရှင်များကို သံတမန်အဖြစ် ခန့်အပ်ခြင်းခံရမှု သည် များပြားလာသည်။ ယင်းသို့သံတမန်အဖြစ် ခန့်အပ်ခြင်းခံရမှုများသည် အများအားဖြင့် အနု ပညာရှင်များကို ကုန်ပစ္စည်းသံတမန်များအဖြစ်သာ ခန့်အပ်လာပြီး လူမှုရေးပရဟိလုပ်ငန်းများ တွင် လုပ်ကိုင်ဆောင်ရွက်နိုင် မည့် အနုပညာရှင်များကိုသံတမန်အဖြစ် ရွေးချယ်မှုသည် ယနေ့ အချိန်ထိ နည်းပါးနေဆဲဖြစ်သည်။ ယင်း အတွက်ကြောင့် ချစ်သုဝေကို မဇ္ဈိမက သူမ၏ပရဟိတ စိတ်များကို လှုပ်နှိုးကြည့်ခဲ့ရာ . . .
အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံမသန်စွမ်းသူများရဲ့ သံတမန်တစ်ဦးအဖြစ် ဘယ်လိုပါဝင်ခဲ့တာလဲ။
အဓိက,ကတော့ အစ်မကို ကမ်းလှမ်းလို့ လုပ်ဖြစ်ခဲ့တယ်။ ဒီလိုကမ်းလှမ်းတဲ့ အချိန်မှာ အမှန်အတိုင်းပြော ရရင် ကိုယ့်ရဲ့ လူမှုရေး၊ စီးပွားရေးအရာအားလုံး ကိုယ်တွေက လုပ်နေပေမယ့် ဒီမသန်စွမ်းတဲ့သူတွေကို ကိုယ်တွေက မေ့လျော့နေကြတာ။ အစ်မလုပ်ခဲ့ဖူးတဲ့ HIV၊ AIDS လူနာတွေရှိတယ်။ မူးယစ်ဆေးဝါး သားကောင်တွေ ရှိတယ်။ ကလေးသူငယ်တွေ ရှိတယ်။ အရာအားလုံးမှာ လှုပ်ရှားခဲ့ဖူးပေမယ့် မသန်စွမ်း တဲ့ညီအစ်ကိုမောင်နှမတွေနဲ့ ပတ်သက်လို့ရှိရင် ကိုယ်ဆေးကျောင်းတက်တုန်းက သွားရတာ သိခဲ့ကျွမ်းခဲ့ တာက လွဲပြီးတော့ အဆက်အစပ် မရှိခဲ့ဘူး။ မလုပ်ပေးနိုင်ခဲ့ဘူးပေါ့။ သံတမန် တစ်ဦးအနေနဲ့ လာပြီးကမ်း လှမ်းတဲ့အခါမှာ ငါ သူတို့အကြောင်းကို ပိုပြီးသိခွင့်ရတော့မယ်၊ ပိုပြီးလုပ်ဆောင်နိုင်သမျှ လုပ်ဆောင် ရ တော့ မယ်ဆိုပြီး ၀မ်းပန်းတသာနဲ့ လက်ခံဖြစ်ခဲ့တာပါ။
သံတမန်အဖြစ် လက်ခံပြီးတဲ့အချိန်မှာ ကြုံတွေ့လာရတဲ့ အတွေ့အကြုံတွေကရော။
အဓိက,ကတော့ သူတို့က လိုအပ်ချက်တွေပြောတဲ့အခါမှာ အစ်မတို့က သူတို့တွေ လိုအပ်တဲ့အရာတွေ ကို အစိုးရဘက်ဆိုင်ရာ၊ NGO တွေ၊ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအားလုံးကို သူတို့အတွက် အဆင်ပြေပြေ သက်သောင့်သက်သာရှိမယ့် ပတ်ဝန်းကျင်တစ်ခုကို အစ်မတို့က မဖန်တီး ပေးခဲ့ရပါလား ဆိုတဲ့ အသိစိတ်တွေ ၀င်လာတာ ပေါ့။ ဥပမာ- သူတို့တွေ ဘာကြောင့် အိမ်ထဲ မှာနေလဲ။ အပြင်ထွက်ရ တာ အဆင်မှ မပြေတာ။ ၀ှီးချဲနဲ့ မသွားနိုင်တဲ့နေရာတွေ ရှိမယ်။ အဲဒီလိုတွေအပြင် သူတို့ တွေရဲ့ အခွင့် အရေးတွေ ထိပါးတယ်၊ ဆုံးရှုံးတယ်။ ကျောင်းတက်တဲ့အခါမှာလဲ တန်းတူအခွင့်အရေး မရဘူး။ မသန် စွမ်းတဲ့ ကလေးတွေဆိုရင် ကျောင်းတက်ဖို့အတွက် ပိတ်ပင်တာမျိုးတွေ ရှိတယ်။ ဒါတွေက မူတွေကလုပ် တာမဟုတ်ဘဲ လူတွေကလုပ်တာ ဖြစ်နေတာ ပေါ့။ ဥပဒေအရ ချမှတ်ထားခြင်းမရှိဘူး။ ဒါပေမဲ့ လူတွေရဲ့ စိတ်အရ ပိတ်ပင် တားမြစ်ခြင်းအပေါ်မှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ထိပါးလာတယ်။
အစ်မတို့က ဥပဒေအရ ပါ။ ဘယ်လိုမျိုးProduct လုပ်မလဲဆိုတဲ့ အသိတရားတွေ ၀င်လာတာပေါ့။
သူတို့ကိုတွေ့ရတော့ အစ်မ ဘယ်လို မြင်မိလဲ။
အနုပညာပွဲတော်ကနေပြီး ဒီမှာနေသမျှ လူတွေအားလုံးကို မသန်စွမ်းတဲ့သူတွေက အစ်မတို့ မမြင်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ၊ ပါရမီ အရည်အချင်းတွေကို သူတို့ ဘယ်လောက်ထိ အသုံးချနိုင်လဲဆိုတာ အစ်မ တို့က မြင်စေချင်တယ်၊ သိသွား စေချင်တယ်၊ အနုပညာပွဲတော်မှာ လူတွေလဲ သိသွားခဲ့တယ်။ အစမ်း လေ့ကျင့်တဲ့နေ့ကဆို အစ်မ မျက်ရည်တောင်ကျရတယ်။ သူတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေက အစ်မတို့ လိုက်မမီဘူး။ လိုက်မမီတဲ့ဟာတွေ ဖြစ်နေတယ်။
မချစ်သုဝေအနေနဲ့ သရုပ်ဆောင်အလုပ်ထက် သံတမန်အလုပ်ကို ပိုပြီး စိတ်ဝင်စားမှုရှိလား။
အရင်က အစ်မက ဆရာဝန် အလုပ်လုပ်တယ်။ အနုပညာရှင်ဆိုတော့ သီချင်းဆိုတာ ၀ါသနာပါတယ်။ သီချင်းဆိုတယ်။ ဒီကနေပြီးတော့ ပရိသတ်ပေးတဲ့ချစ်ခြင်း မေတ္တာတွေနဲ့ မင်းသမီး သရုပ်ဆောင် တစ် ယောက်ဖြစ်လာတယ်။ သရုပ်ဆောင်ဖြစ်လာတဲ့အပေါ် အစ်မ အလုပ်ကို အကောင်းဆုံး လုပ်တယ်။ ရိုးသား ကြိုးစားတယ်။ ဒါပေမဲ့ ရရှိလာတာက ပရိသတ် မေတ္တာပေါ့။ မေတ္တာနဲ့ အသုံးချလို့ရတဲ့ကောင်းတဲ့ ဘက်မှာ အသုံးချလို့ရတာ အများကြီးပါလားဆိုတာ အမှန်တကယ် သိလာ တယ်။ ပိုပြီးတော့လဲ စိတ်ဝင် စားလာခဲ့တယ်။
ဘာကြောင့် အနုပညာရှင်တွေကိုမှ သံတမန်အဖြစ် ခန့်အပ်တယ်လို့ ထင်လဲ။
အဓိက,ကတော့ ပြည်သူတွေနဲ့ ပေါင်းကူးဖို့ပဲ။ သံတမန်ထားတယ်ဆိုတာ ဘယ်ပရောဂျက်ပဲဖြစ်ဖြစ် အနု ပညာရှင်တွေကို သံတမန် ထားတယ်။ ပရိသတ်တွေကို ပြောရမယ့်စကားတွေ အနုပညာရှင်တွေက ပြော တယ်။ ဒီလိုဖြစ်တာကလည်း မေတ္တာကို ခံယူရတဲ့သူတွေ ပြောလို့ရှိရင် ပိုပြီးနားဝင်တယ်ဆိုတဲ့သဘောနဲ့ အစ်မတို့ကို သံတမန်ခန့်တာလို့ ထင်ပါတယ်။ အဲဒါထက် ပိုပြီးလုပ်ပေးနိုင်မယ့်အရာတွေလဲ အစ်မ အကုန် လုပ်ပေးတယ်။
မသန်စွမ်းသံတမန်အဖြစ် ဘာတွေလုပ်ဆောင်ဖြစ်နေလဲ။
အဓိက,ကတော့ သူတို့ကို အားပေးဖြစ်ပါတယ်။ လိုအပ်နေတာတွေကို အဓိက လုပ်ပေးသွားရမှာပါ။ မသန်စွမ်းမှာလဲ သူတို့ကို အားပေးတာတွေ လုပ်ပေးတယ်။ တတ်နိုင်တဲ့ဘက်ကပေါ့။ မီဒီယာက တစ်ဆင့် ပြောပေး တာထက် အစ်မကိုယ်တိုင် ကျောင်းတွေသွားပြီး အားပေးတယ်။
Mizzima - News in Burmese
0 comments:
Post a Comment