Monday, December 30, 2013

အင်းတော်မြို့နယ် တာဖလားရွာအနီး လူတစ်ဦး ဆင်နင်း၍ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တာဖလားရွာအနီး သစ်ထုတ်ရေးစခန်းတွင် လူတစ်ဦး ဆင်နင်း၍ သေဆုံးသွားကြောင်း သိရသည်။
ဖစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နံနက် ၉ နာရီခန့်က အင်းတော်ရဲစခန်းမှ ရဲအုပ်သန်းထွန်းလှိုင်နှင့် အဖွဲ့ သည် စခန်းတွင် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် တာဖလားရွာအနီး သစ်ထုတ်လုပ်ရေးစခန်း တွင် လူတစ်ဦး
ဆင်နင်း၍ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ဆင်ပဲ ချိတ်ကိုင် စိုးဝင်းသည် မုန်ယိုနေသောဆင်က အစွယ်ဖြင့်ထိုးပြီး နင်းသတ်ခဲ့သဖြင့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိရန်နိုင်ရန် အင်းတော် ရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားသည်။

သေဆုံးသူမှာ စိုးဝင်း (ဆင်ပဲချိတ်ကိုင်)နံ့သာကျေးရွာ အင်းတော်မြို့ နယ်နေသူ ဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)
MOI Webportal Myanmar

0 comments:

Post a Comment