Monday, December 30, 2013

ဆိပ်ကမ်းတွင် သောင်တင်နေသည့် ရက် ၆၀ ကျော် ကားများကိုလေလံပစ်မည်

ဆိပ်ကမ်းများတွင် လာရောက် ထုတ်ယူခြင်းမရှိဘဲ သောင်တင်နေ သည့် ရက် ၆၀ ကျော် ကားများကို လေလံပစ်ရန် စီစဉ်နေကြောင်း မြန် မာ့ဆိပ်ကမ်း အာဏာပိုင် ကိုယ်စား လှယ်လုပ်ငန်းဌာနမှ ဒုတိယအထွေ ထွေ မန်နေဂျာ ဦးဇော်ထွန်းလွင်က ဒီဇင်ဘာ ၁၆ ရက်တွင် Auto World သို့ ပြောသည်။ ဆိပ်ကမ်းတွင် သောင်တင်နေ ပြီး ခွင့်ပြုရက် ၆၀ ကျော်သွားသော ကားများကို လာရောက် မထုတ်ယူခဲ့ ပါက ယခင်က လေလံပယ်ဖျက် စာ ရင်းသွင်းခဲ့သည်။

သို့သော် နောက် ထပ် ဆိုက်ကပ်လာသည့် သင်္ဘောများ ကားချရန် နေရာမရှိတော့သည် အထိ ဖြစ်လာခြင်း၊ကားများ၏အပျက်အစီး စရိတ်စက Damage charges လည်း ရှိလာခြင်းတို့ကြောင့် ယခုကဲ့သို့ လုပ် ဆောင်ရန် စီစဉ်ရခြင်းဖြစ်သည်။ ရက် ၆၀ ကျော်ကားတွေ လာ ရောက်ထုတ်ယူခြင်း မရှိခဲ့ရင် လေလံ ပစ်ဖို့ ကိစ္စကို ပထမတစ်ကြိမ် အစည်း အဝေး လုပ်ပြီးပြီ။ သင်္ဘောလိုင်းတွေ ခေါ်ပြီးတော့ အစည်းအဝေးလုပ်ပြီး ညှိနှိုင်းဆုံးဖြတ်ကြပါမယ်ဟု ဦးဇော် ထွန်းလွင်က ရှင်းပြသည်။ MITT ကားရပ်နားဝင်းမှာပျမ်း မျှ ကား အစီးရေ ၉,၀၀ မှ ၁၀,၀၀၀ ကြား ဆံ့ပြီးMIPL မှာ ၄,၀၀၀ ၀န်း ကျင် ဆံ့သည်။ လက်ရှိတွင် ရက် ၆၀ ကျော်ပြီး ထုတ် ယူခြင်း မရှိသည့် ကား အစီးရေ ၃၅၀ ၀န်းကျင် ရှိသည်။

ဒီဇင်ဘာလဆန်းပိုင်းမှ ၁၅ ရက်နေ့အထိ ကားတင်သင်္ဘော ၇ စီး ၀င်လာခဲ့ပြီး ကားအစီးရေ ၅,၃၃၂ စီး ပါလာခဲ့သည်ဟု သိရသည်။သင်္ဘော ၆ စီးမှာ MITT တွင် ဆိုက်ကပ်ပြီး ၁ စီးမှာ ဆူးလေတွင် ဆိုက်ကပ် ခဲ့သည်။

လုံမလေး

Credit to Auto World Journal

0 comments:

Post a Comment