ခုတလော ကလေးမှာ စိတ်ဝင် စားဖွယ် ကောင်းသော သတင်း ပွတ်တိုက် မှုတွေက နေ့စဉ်နှင့် အမျှ စီးဆင်းနေသော ကြောင့် မူလရေးရန် လျာထား သတ်မှတ် ချက်မှာ တဖြည်းဖြည်း နောက်သို့ ရွှေ့ပြီး ရင်း ရွှေ့နေတော့သည်။
သတင်း၏ မူလဇာစ်မြစ်မှာ ဤသို့ ဖြစ်သည်။
၂ဝ၁၂ အမျိုးသား စာပေဆု ရရှိသူ များကို အမျိုးသား စာပေဆု စိစစ်ရွေး ချယ်ရေး အဖွဲ့က ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက် သည်။ ဘာသာရပ် (၁၃)ခုအတွက် ရွေး ချယ်ဆုပေးပြီး အမျိုးသားစာပေ တစ် သက်တာ ဆုကို ထူးထူးခြားခြား သုံးဦး ကို ရွေးချယ်ပေး ခဲ့သည်။ ဆရာဦးအောင် သင်း၊ ဆရာမ ခင်ဆွေဦးနှင့် ဆရာသိပ္ပံ မှူးတင်တို့ ဖြစ်ကြသည်။ ထိုအမျိုးသား စာပေဆု ရရှိခြင်း အပေါ် ဆရာအံ့မောင်၊ ဆရာ တက္ကသိုလ်စိန်တင်၊ ဆရာ မင်းချမ်းမွန် တို့၏ သဘော ထား အမြင် များကိုပါ ပုဂ္ဂလိက သတင်းစာတွေမှာ ပူးတွဲဖော်ပြ ခဲ့သည်။ ထိုဆရာ သုံးဦးစလုံးက တစ် သက်တာ စာပေဆု အဖြစ် ဆရာကြီး၊ ဆရာမကြီး သုံးဦး အပေါ် မုဒိတာ စကား များ ပြောဆိုခဲ့ကြပြီး ဆရာ မင်းချမ်းမွန်က ဆရာဦးအောင်သင်း အပေါ် ဤသို့မှတ် ချက်ပြုခဲ့သည်။
”ဆရာဦးအောင်သင်း ဆိုရင် ရသ စာပေ မဟုတ်ပေမယ့် အက်ဆေးတွေ ရေးတယ်..”
အရေးကြီးသည် မဟုတ်သော် လည်း မျက်စိလည်စရာ မှတ်ချက်မျိုးဖြစ် သည်။ အက်ဆေး(Essay) ကို ရသစာ တမ်း ဟုပင် တွင်ကျယ်စွာ ခေါ်ဝေါ်နေ ကြပြီး အက်ဆေး ၌ ရသပါ ရမည်ဟူသော သဘောထားကို ပေဖူးလွှာ မဂ္ဂဇင်း၌ ဆရာ မင်းချမ်းမွန် အတိအလင်း ထုတ် ဖော်ပြောဆိုခဲ့ပြီး ယခု ရသ စာပေ မဟုတ် ဆိုလေတော့.. အင်းလေ. .ထားပါ တော့။ ပမာဒ လေခသည်ပဲ ထားလိုက် ပါတော့။ တခြားဆုတွေ အကြောင်းကို လည်း ဘာကြောင့် မဆွေးနွေးခဲ့ပါသ နည်း။ အမျိုးသား စာပေဆုအပေါ် စာ တမ်း ရေးသား ဖတ်ကြားခဲ့ပြီး ကဗျာဆု ရွေးချယ်ရာတွင် ဂန္ထဝင်နှင့် ခေတ်ပေါ် ကဗျာ ဟူ၍ (ဘာသာပြန် စာပေဆု၌ သုတ၊ ရသ ခွဲခြား သကဲ့သို့) နှစ်မျိုးနှစ် စား ခွဲခြားပေး သင့်ကြောင်း အသံကုန် အော်ဟစ်ခဲ့ပြီးမှ ထိုစာတမ်း ၌ပင် အမျိုး သား စာပေဆု ရွေးချယ်ရေး အဖွဲ့၏ တည် ငြိမ်သန့်ရှင်းမှု မရှိခြင်းကို ထောက်ပြဝေ ဖန်ခဲ့ဖူးသည်။ အမျိုးသား စာပေဆုအ ပေါ် စာပေ သမား အများစုက စိတ်ဝင် စားခြင်း အလျဉ်း မရှိခဲ့ကြပါ။ အလေးအနက် လည်း မထားကြတော့ပါ။ ဤအကြောင်း ကို စာရေးဆရာ များက အ ကြောင်းစပ်တိုင်း ရေးခဲ့၊ ပြောခဲ့ကြပြီးဖြစ် သည်။
၂ဝ၁၂ ခုနှစ် အတွက် အမျိုးသား စာပေဆု ရရှိသူများ စာရင်းကို ကြေညာ ရာတွင် ကဗျာ ဆရာကြီးအံ့မောင်က ပါးပါး လှပ်လှပ်ကလေး ပြောသွားသည်။
တစ်နည်းအားဖြင့် အမျိုးသား စာပေဆုဟာ နှစ်ပေါင်းများစွာ နာမည်မရ ဖြစ်နေခဲ့တာ ကြာပါပြီ။ နာမည်မရဖြစ် နေတာ ကြာနေတာတွေကို ပြန်ပြင်ပါ။ အချိန် ကျရောက်နေ ပါပြီ လို့ ပြောချင်ပါ တယ်။ (စံတော်ချိန်၊ ၁၇-၁၁-၂ဝ၁၃)
နာမည်မရ. .ပြန်ပြင်ပါ… အချိန်ကျပြီ..ဆိုတာတွေကို ဖတ်ကြည့် ရင် အမျိုးသား စာပေဆုရဲ့ ခရီးလမ်းကို အတိတ်၊ ပစ္စုပ္ပန် အထိ ဖော်ပြနေတာဖြစ် ပြီး ကနေ့ထိ မပြင် ဆင်သေးဘူးလို့ အဓိပ္ပာယ် ရပါသည်။ ထိုသို့ မပြင်ဆင်လျှင် အနာဂတ်မှာလည်း နာမည်မရဖြစ် နေဦးမည် ဟူသော ဂယက်အနက် လည်း ဖြာထွက်နေသည့် စကား စု ဖြစ်ပါသည်။
ဘာ့ကြောင့် ဤသို့ပြောရသနည်း။
အဖြေက ရှင်းရှင်းကလေးပင်။ ယုံကြည်စရာ မရှိလို့..။ အာဏာရှင်၏ လက်ကိုင်တုတ် အဖွဲ့အစည်းက အာဏာရှင် အကြိုက်ရေးသော စာပေသမား တွေ ကို ရွေးချယ် ဆုပေး ခဲ့၍ပင်ဖြစ်သည်။ ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးက သူ့ ကိုယ်သူ အဆို တင်ပြီး ကျန် အဖွဲ့ဝင်တွေ က ထောက်ခံကာ ကဗျာပေါင်းချုပ် ဆု (၆)ဆု၊ လူငယ် ပဆု (၁)ဆု၊ စုစု ပေါင်း အမျိုးသား တစ်ရပ်လုံးနှင့်ဆိုင် သောဆု ကို (၇)ကြိမ် အထိ ရယူခဲ့သည်။ ဤလို ဆုရွေးချယ်ရေး အဖွဲ့မျိုး ကမ္ဘာမှာ ကော ရှိခဲ့ဖူးသလား။ ထို့ကြောင့် ဤအ ဖွဲ့ကို လူတွေ မယုံကြည်တာ၊ လျစ်လျူရှု တာ ဘာမှမဆန်းပါ။ အမျိုးသား စာပေဆု ရပြီး စာပေလောက သားတွေပင် မသိဘဲ မထင်မရှားနှင့် တိမ်မြုပ် ပျောက်ကွယ် သွားသူတွေ လည်း အများ အပြားပင်။
ဤဆုအကြောင်းကို ဘာ့ကြောင့် တခုတ်တရ ပြောနေရသနည်း။
ဆု၏ နာမည်ကြောင့် ဖြစ်ပါသည်။
အခြားအခြားသော စာပေဆုပေး သော အဖွဲ့အစည်းတွေ လည်း ရှိကြ သည်။ ထွန်းဖောင်ဒေးရှင်း၊ တော်ဘုရား လေး ဦးအောင်ဇေ၊ ဆရာဝန် တင်ရွှေ၊ ရွှေအမြုတေ.. စသည့် အဖွဲ့များ။ လူ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်ရွယ် ၍သော် လည်းကောင်း၊ အဖွဲ့ စည်း တစ်ခုခုက ကမကထပြု၍ သော်လည်း ကောင်း ပေးအပ်သည့် ဆုကို မည်သို့မျှ ဝေဖန်စရာ မရှိပါ။ မည်သူမျှလည်း ဝေ ဖန်ခဲ့ဖူးခြင်း မရှိကြပါ။ ဆုရွေးချယ်ရေး အဖွဲ့ဝင်တို့၏ စာပေရေးရာ နှံ့စပ်ကျယ် ဝန်းမှု၊ ဆင်ခြင်တုံ တရားပြည့်ဝမှု၊ အဂတိ ကင်းရှင်းမှု တို့ကသာ ဆု၏ ဂုဏ်သိက္ခာ ကို သတ်မှတ် ပြဋ္ဌာန်းပေးနိုင်လေသည်။ အခြားနည်းဖြင့် မြှင့်တင်၍ မရ၊ ပြဋ္ဌာန်း ၍မရနိုင်ပေ။
ဘာလဲအမျိုးသားစာပေဆု…
လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို အစွဲပြုပေးသော၊ အဖွဲ့အစည်း တစ်ခုခု ကပေးသောဆုနှင့် တစ်တန်း တည်းသတ် မှတ်၍မရနိုင်ပါ။ သမ္မတကြီး၏ အကြိုက် ဆုံးဆုနှင့် လည်း မတူနိုင်ပါ။ ဘာ့ကြောင့် နည်း။ နာမည်ကြောင့်ဖြစ်ပါသည်။
အမျိုးသားစာပေဆု.. ဆိုသည့် နာမည်ကြောင့်ဖြစ်ပါသည်။
ဒါဖြင့် အမျိုးသား ဆိုတာဘာလဲ။
အမျိုးသား ဆိုသည်ကား..နိုင်ငံ တစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ခု (သို့မ ဟုတ်) နယ်မြေပိုင်နက် တစ်ခုတွင်ပါဝင် သော အဖွဲ့ဝင် တို့သည် ကောင်းကျိုး ဆိုး ကျိုး တို့ကို အတူ တကွ စုပေါင်းမျှဝေခံစား မည်ဆိုသည့် တစ်စိတ် တစ်ဝမ်းတည်းဖြစ် မှုကို ပြသသော တစ်သား တည်းဖြစ်မှု၊ သစ္စာရှိမှု တို့ကို ရည်ညွှန်းသော၊ ကျယ် ကျယ်ပြန့်ပြန့် လွှမ်းခြုံ တွေးခေါ်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။
အမျိုးသား ဟု ခေါ်ဆိုသုံးနှုန်း လိုက်သည်နှင့် မိမိအမျိုးသား တစ်ရပ်လုံး အပေါ် သစ္စာခံမှု၊ ဦးထိပ်ထားမှု၊ ဦးလည် မသုန် ဆောင်ရွက်နိုင်မှု တို့သည် ပျော် ဝင် စေးကပ်နေ ရတော့ မည်ဖြစ်သည်။ သို့မှ သာ အမျိုးသား..ဟူသော ဝေါဟာရ နှင့် ထိုက်တန်မည် ဖြစ်ပါသည်။ တစ်မျိုး သားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့မှ ထွက်ပြေးပုန်း ရှောင်ပြီး ခေတ်ပြိုင် အတွေးအခေါ် ကင်းမဲ့နေသည့် တောဖွဲ့တောင်ဖွဲ့ များ ဖြင့်တော့ အမျိုးသားရေး နယ်နိမိတ်သို့ ချဉ်းကပ်နိုင်မည် မဟုတ်ပါ။
အမျိုးသား စာပေဆု ရခဲ့သော သမိုင်း တစ်လျှောက်မှ ကဗျာ စာအုပ် အမည်များကို ကြည့်လျှင် ရေခပ်ချိန်၊ မြကန်သာ၊ စမ်းရေစီးသံ၊ စိမ့်စမ်းရေကြည်၊ ဒါပဲဖြစ် သည်။ ပြည်သူ တို့ဘဝနှင့် ဝေးလျား လွန်းသော Utopia စာတွေ၊ ကဗျာတွေသာ များသည်။ ထို့ကြောင့် လည်း ပြည်သူတွေ ရင်ထဲ မရောက်။ ပြည်သူတွေက မှတ်မှတ်ရရ မရှိသော ကဗျာစာဆိုတွေ အဖြစ် (အမျိုးသားစာ ပေဆုရပြီး) တဖြည်းဖြည်း မှိန်ပျောက် သွားကြခြင်းဖြစ်သည်။
အမှန်တကယ်လည်း ငြိမ်းချမ်းသာ ယာမည်။ ပြည်သူတွေကလည်း ပျော်ရွှင် ချမ်းမြေ့နေပြီး နေပျော်သော လူ့ဘဝ ဝန်းကျင်ကို ပိုင်ဆိုင်မည် ဆိုလျှင် တော လည်း သာခေါင် ၊ တောင်လည်း ညိုရစ်၊ မြစ်လည်းသာဘိ၊ တိမ်အိအိနှင့် ဟု ပြောနိုင် ရေးနိုင်ပါသည်။ ပြည်သူတွေ လည်း ကြည်နူး ချမ်းမြစွာ ရွတ်ဆိုရင်း ပျော်ရွှင်နေ ကြမည် သာဖြစ်သည်။
ဤသို့ မဟုတ်ဘဲ ဘဝကကြမ်း ကြမ်း၊ ပန်းတွေလည်း မပွင့်၊ သေနတ်သံ တဒိန်းဒိန်း၊ လက်ထိပ်သံ တချွင်ချွင်နှင့် ထမင်းရက်ချန် ၊ရေရက်မှန် ဘဝမှာ တော ဖွဲ့တောင် ဖွဲ့တွေပဲ ရေးနေမည်။ ထိုစာ အုပ်တွေကိုပဲ ရွေးချယ်ဆု ပေးနေမည် ဆို လျှင် အမျိုးသား ဟူသော အမည်ကို ဖြုတ်ပစ်စေချင်ပါသည်။ သို့မဟုတ် လျှင် ကာလ၊ ဒေသ စသည် တို့နှင့် ဆန့်ကျင် သော စာပေ အဖြစ် (ဝိရောဓိဒေါသ) သင့်လေ၏။
ဦးပုည မေတ္တာစာ တစ်ပုဒ်တွင် ‘သဒ္ဒါလည်း ဆန့်ကျင်ဘက်၊ အနက်လည်း မမှန် မဆိုတန်ချေသော် ဝိရောဓိဒေါသ ရောက်၏’ ဟုဖွဲ့ဆိုခဲ့ဖူးလေသည်။ ဝိရော ဓိဒေါသ လွတ်မှ သာ သာနာညီမျှကျ သည် ဟူ၍လည်း မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းက ဆိုခဲ့ပြီ။
ြ
သူတွေကို ထုတ်ပြန် ကြေညာခြင်း မရှိသော်လည်း အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး အဖွဲ့ဝင်ပေါင်း ၁ဝဝ နီးပါးဖြင့် ပြင်ဆင် ဖွဲ့စည်းထားပြီး စာပေ သက်နု နယ် လှသေးသော လူငယ် တချို့ လည်း ပါဝင်နေကြောင်း တွေ့ရသည်။
ပ
ည်
ည်
တစ်ခါတစ်ရံတွင် လူ့အဖွဲ့အစည်းက လူတော် ဆိုတာထက် လူကောင်းဆို သူတွေ ကို ပြင်းပြင်းပြပြ တောင့် တသော အချိန်အခါ မျိုးလည်း ရှိနိုင်သည်သာဖြစ် ပါသည်။
ေ
င်ခိုင်လတ်
မာ
Popular Myanmar News Journal
0 comments:
Post a Comment