၁၀-၁၂-၂၀၁၃ ရက်နေ့ ၀၅၅၀ အချိန် ရခိုင်ပြည်နယ်၊
အမှတ်(၄၇)မူးယစ်ဆေးဝါးတားဆီး
နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မောင်တော)မှတပ်ဖွဲ့ဝင်များနှင့်
မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ
မောင်တောမြို့နယ်၊ ရွှေဇားတံတားတွင် မောင်တောမြို့ဘက်မှ ရွှေဇားရွာသို့
ဆိုင်ကယ်မောင်းနှင်လာသည့် မောင်တောမြို့နယ်၊ ဗိုလ်မှူးရွာ၊
ကြက်ခြေနီရုံးရှေ့လမ်း၊ မြို့မရှေ့ရပ်ကွက်နေ အောင်ဇံဝေ(ခ)
အောင်အောင်(၃၂)နှစ်အား သ
က်သေများနှင့်အတူ
ရပ်တန့် ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးခဲ့ရာ ၎င်းင်း၏အင်္ကျီအိတ်အတွင်းမှ WY
စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈၀ ပြား တန်ဖိုးငွေကျပ်
(၄၇၆၀၀၀၀ိ/-)နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
၎င်းအား စစ်ဆေးချက် အရ ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများမှာ မောင်တောမြို့နယ်၊
ရွှေဇားရွာ(အလယ်ရွာ)နေ အန်နာ(ခ) အန်နာဝူလာ၏ ပစ္စည်းများဖြစ်သဖြင့် ၀၆၁၅
အချိန်တွင် အန်နာအူလာအား ဖမ်းဆီးရမိခဲ့သဖြင့် အောင်ဇံဝေ(ခ) အောင်အောင်နှင့်
အန်နာ(ခ)အန်နာဝူလာတို့ (၂)ဦးအား မောင်တောမြို့မရဲစခန်း မယ(ပ)၁၈/၂၀၁၃
မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်း လဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ
၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်း ရရှိသည်။
ရဲဇာနည်
0 comments:
Post a Comment