Wednesday, December 11, 2013

ကျပ်သိန်း၁ဝဝတန်ဖိုးနည်းအိမ်ရာ အရစ်ကျစနစ်ဖြင့် ဝန်ထမ်းဦးစားပေး ရောင်းချသွားမည်

ရန်ကုန်မြို့တွင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ တာဝန်ယူတည် ဆောက်လျက်ရှိသော အိမ်ရာနှစ်ခု ကို တန်ဖိုးနည်းအိမ်ရာအဖြစ် တစ် ခန်းလျှင် ကျပ်သိန်း ၁ဝဝနှုန်းဖြင့် ဆောက်လုပ်ပြီးစီးပါက ဝန်ထမ်း များကို ဦးစားပေးရောင်းချပေးသွား မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်စိုးကပြောသည်။

၎င်းအိမ်ရာနှစ်ခုမှာ လှိုင်သာ ယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်း နှင့် ကျန်စစ်မင်းအိမ်ရာစီမံကိန်း များဖြစ်ပြီး တိုက်ခန်းများကို အရစ် ကျ ငွေပေးချေစနစ်ဖြင့်ရောင်းချ ပေးသွားမည်ဟု ပထမအကြိမ် လွှတ်တော် သတ္တမပုံမှန်အစည်း အဝေးမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ တာဝန်ယူ တည် ဆောက်လျက်ရှိသော ၄င်းအိမ်ရာမှ လူနေတိုက်ခန်းများကို အရစ်ကျငွေ ပေးချေသောစနစ်ဖြင့်ရောင်းချသွား မည်ဟု သိရှိရကြောင်း ဝန်ကြီး ဦးကျော်စိုးကပြောသည်။
တိုက်ခန်းများ ရောင်းချရာတွင် (၁) ပုံမှန်ဝင်ငွေရှိ အစိုးရဝန်ထမ်း များ၊ (၂) ပုံမှန်ဝင်ငွေရှိ ကုမ္ပဏီ ဝန်ထမ်းများ၊ (၃) ပြည်သူများ၊(၄) အငြိမ်းစားဝန်ထမ်းဟူ၍ ဦးစားပေး အစီအစဉ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီမှ တည် ဆောက်လျက်ရှိသော ဒဂုံမြို့သစ် (မြောက်ပိုင်း) (၄၈)ရပ်ကွက်ရှိ ဗိုလ်ဗထူးအိမ်ရာမှ လေးခန်းတွဲ ရှစ် ထပ်တိုက်များကို ကျပ် ၃၄၇သိန်း၊ ကျပ် ၃၂၉ သိန်းနှင့် ကျပ် ၂၅၅ သိန်းဟူ၍သတ်မှတ်ထားပြီး (၄၂) ရပ်ကွက် ဗိုလ်မင်းရောင်အိမ်ရာမှ တိုက်ခန်းများကို ကျပ် ၂၈၉သိန်း၊ ကျပ် ၂၄၃သိန်းဖြင့် သတ်မှတ်ထား ကြောင်းသိရသည်။

တိုက်ခန်းများကို အရစ်ကျ စနစ်ဖြင့်ဝယ်ယူပါက ဘဏ်တိုးနှင့် ဝန်ဆောင်ခကို ထပ်ဆောင်းပေး သွားရမည်ဖြစ်ပြီး သတ်မှတ် အရစ် ကျ ပေးသွင်းရမည့် လေးနှစ်တာ ကာလကို ခြောက်နှစ်၊ ခုနစ်နှစ်သို့ တိုးမြှင့်မပေးနိုင်ခြင်းမှာ တည် ဆောက်ရေးကုမ္ပဏီများက စည်ပင် မြေပေါ်တွင် အလုံးစုံစိုက်ထုတ် ရင်းနှီးမြှုပ်နှံထားရသောကြောင့် ဖြစ်ပြီး အရစ်ကျပေးသွင်းရမည့် နှစ် ကာလတိုးမြှင့်လိုက်ပါက အတိုးများလည်းတက်လာနိုင်သည့် အတွက်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

The Union Daily

0 comments:

Post a Comment