Friday, December 20, 2013

ဆိုင်ကယ်နံပါတ်များ အင်္ဂလိပ်အက္ခရာ ပြောင်းလဲရန် စီစဉ်

မြန်မာနိုင်ငံအတွင်းတွင်စီးနင်းနေသော မော်တော်ဆိုင်ကယ်နံပါတ်များကို မြန်မာအက္ခရာအစား အင်္ဂလိပ် အက္ခရာအဖြစ်ပြောင်းလဲသွားရန် စီစဉ်သွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနတိုင်း ဦးစီးမှူး ဦးသိန်းဦးက ပြောသည်။

“ကားနံပါတ်တွေကို အင်္ဂလိပ်အက္ခရာအဖြစ် ပြောင်းလဲပြီးနောက် အခု ဆိုင်ကယ်တွေကိုလဲ ပြောင်းလဲသွားဖို့ စီစဉ်တာဖြစ်ပါတယ်။ “ယ” အစား “W” အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဘယ်တော့ပြောင်း မလဲဆိုတာ အတိအကျ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းဦးက ပြောသည်။

နိုင်ငံတကာမှ မော်တော်ယာဉ်ပေါင်းစုံ ၀င်ရောက်လျှင် ယာဉ်နှင့်ပတ်သက်သည့် ပြဿနာများ ဖြေရှင်း နိုင်ရန်၊ အာဆီယံနိုင်ငံများတွင် အသုံးပြုနေသော စံနှုန်းများအတိုင်း လုပ်ဆောင်သွားရန်၊ ပြည်ပနိုင်ငံများ သို့ မြန်မာနိုင်ငံမှ ယာဉ်များ သွားလာရာတွင် အင်္ဂလိပ်အက္ခရာ ပြောင်းလဲခြင်းဖြင့် အဆင်ပြေစေရန်တို့ အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဟု ဆိုသည်။

ပြောင်းလဲမှုလုပ်ဆောင်ရာတွင်လည်း ယာဉ်များအားလုံးအား တစ်ပြိုင်နက် ပြောင်းလဲသွားမည်မဟုတ်ဘဲ သက်တမ်းလာရောက်တိုးမြှင့်သည့် ဆိုင်ကယ်များကို အဆင့်အလိုက် ပြောင်းလဲမှုများကို လုပ်ဆောင် သွားမည် ဖြစ်သည်။

မန္တလေးမြို့အတွင်းတွင် တရားဝင် မှတ်ပုံတင်ထားရှိသော ဆိုင်ကယ်စီးရေ ကိုးသိန်းကျော်ရှိပြီး မှတ်ပုံတင် မထားရှိသည့် ဆိုင်ကယ်စီးရေမှာ အဆိုပါပမာဏ၏ ထက်ဝက်နီးပါးခန့် ရှိနေကြောင်း ကုန်းလမ်းပို့ ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန စာရင်းများတွင် ဖေါ်ပြသည်။

Mizzima

0 comments:

Post a Comment