၂၁.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် တရားလို
ဦးစိုးနိုင်ဦး၊ (၂၉)နှစ်၊ ရဲသုခစိုက်ပျိုးရေးခြံ၊ (ဘ) ဦးကြည်သောင်း ၊
ငါးဆူတောင်အုပ်စု၊ လှည်းကူးမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ
မချိုနွယ်ဝင်း(ခ)ကတုံးမ၊ (၂၃)နှစ်၊ (ဘ)ဦးဖိုးဆေးဝါးသည် စက်ဘီးဖြင့်
အမှတ်(၁)ကျေးရွာ ဒေါ်အေးဈေး ဆိုင်သို့ ဈေးဝယ်သွားရာမှ နေအိမ်သို့ပြန်မလာဘဲ ပျောက်ဆုံးနေသဖြင့် ၂၆.၁၀.၂၀၁၃ရက်နေ့တွင်
ငါးဆူတောင်နယ်မြေရဲစခန်းသို့ လူပျောက်အမှတ်စဉ်(၁/၁၃)ဖြင့်
တိုင်တန်းထားရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ၂၉.၁၀.၂၀၁၃ရက်နေ့ ၁၆၃၀အချိန်
လှည်းကူးမြို့နယ်၊ ငါးဆူတောင်အုပ်စု၊ ဧက(၁၀၀)လျှိုအဆင်း
ဦးမောင်ငြိမ်း၏ ရာဘာခြံအတွင်းရှိ ရေအိုင်အတွင်း မှောက်လျက် အနေအထား
သေဆုံးနေ သည် ကိုတွေ့ရှိရသဖြင့် သေဆုံးအောင်ပြုလုပ်သူအပေါ်
ဦးစိုးနိုင်ဦးမှ တိုင်တန်း သဖြင့် ငါးဆူတောင်နယ်မြေရဲစခန်း(ပ)၅၄/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် ပြောင်းလဲဖွင့်လှစ်လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်ပါသည်။
အမှုမှတရားခံဖေါ်ထုတ်ရရှိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့တို့မှပတ်ဝန်းကျင်အား လေ့လာစုံစမ်းပြီး မျက်မြင်သက်သေများ အား စစ်ဆေးကာ မသင်္ကာတရားခံ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့အားခေါ်ယူ၍ စစ်ဆေးခဲ့ပြီး တရားခံများမှ ၀န်ခံ ထွက် ဆိုကာ တရားရုံးတွင်ဖြောင့်ချက်ပေးခဲ့ပါသည်။အဆိုပါတရားခံများသည် လူသတ်မှုမကျူးလွန်မီ သားမယား အဖြစ်ပြုကျင့်ကျူးလွန်ခဲ့သဖြင့်ပုဒ်မ ၃၀၂မှ ပုဒ်မ ၃၀၂/၃၇၆ဖြင့် ပြောင်းလဲ စစ်ဆေးဆောင် ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment