လူဦးရေ တိုးတက်မှုနှုန်း မြင့်မားလာပြီး မော်တော်ယာဉ် များပြားမှုကြောင့်
လေထု ညစ်ညမ်းလာသော ရန်ကုန်မြို့တွင်း ၁၅ နေရာတွင် လေထုညစ်ညမ်းမှု
တိုင်းတာရေး ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ
အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ယင်းစီမံကိန်း လုပ်ဆောင်နိုင်ရန် ဂျာမနီနိုင်ငံ အခြေစိုက် GIZ (German
Society for International Cooperation) နှင့်အဖွဲ့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီတို့က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သဘောတူခဲ့ခြင်း
ဖြစ်ပြီး စီမံကိန်း အသေးစိတ်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ထုတ်ပြန်နိုင်မည်
ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ လေထုညစ်ညမ်းမှု တိုင်းတာရေး
ကိရိယာများကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့်
ပုဇွန်တောင် မြို့နယ်များ၏ လမ်းဆုံများ အပါအဝင် မရမ်းကုန်းမြို့နယ်နှင့်
တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်တို့တွင် ၂၀၁၄ ခုနှစ်အတွင်း
တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ လေထုညစ်ညမ်းမှု
တိုင်းတာရေး ကိရိယာများ တပ်ဆင်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ လုပ်ထုံး
လုပ်နည်းများ အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ
လေထုညစ်ညမ်းမှု တိုင်းတာရေး ကိရိယာများ တပ်ဆင်ပြီးပါက WHO ၏ အကူအညီဖြင့်
လေထုညစ်ညမ်းမှု လျှော့ချရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း
ပြောကြားသည်။
အဆိုပါ လေထုညစ်ညမ်းမှု တိုင်းတာရေး ကိရိယာများကို
ရန်ကုန် ၁၅ မြို့နယ်ရှိ လမ်းဆုံများတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
The Voice
0 comments:
Post a Comment