Wednesday, December 18, 2013

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး


၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှု အချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင် သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိ ခဲ့ပါ သည်။

အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့် ၁၇.၁၂.၂၀၁၃ ရက်နေ့ ( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင် မြန်မာနိုင်ငံဘော လုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ ၎င်းလူငယ်(၉) ဦးဖြစ် သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊ အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ ဖြစ်ကြောင်း၊ အဆိုပါလူငယ်များအနေဖြင့် စိတ် ခံစားမှု ကိုရှေ့ တန်း တင်ပြီးဒေါသအလျောက် နောက်နောင်တွင်ယခုကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ် ရန်နှင့် နိုင်ငံကြီး သား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန် ပြောဆိုဆုံးမပြီး ခံဝန်သတိပေး လက်မှတ်ရေး ထိုး အရေးယူကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့ကိုယ်တိုင် မိဘ အုပ်ထိန်း သူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police 

0 comments:

Post a Comment