
မန်ယူနှင့်ပွဲတွင် အိုလံပီယာကို့စ်အိမ်ကွင်း တစ်စိတ်တစ်ပိုင်း
ပိတ်ပင်ခံရမည်မန်ယူနှင့် ကစားရမည့် ချန်ပီယံ လိဂ် အိမ်ကွင်းပွဲစဉ်တွင်
အိုလံပီယာကို့စ်အသင်း ပွဲကြည့်စင်
တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၁၀ရက်နေ့က အိုလံပီယာကို့စ်နှင့် အန်ဒါလက်ခ်ျတို့ ကစားခဲ့သည့်
ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂရိကလပ် အသင်း ပရိသတ်များက လူမျိုးရေးခွဲခြားမှုများ၊
မီးရူးမီးပန်း ပစ်ဖောက်မှုများ၊ လေဆာရောင်ခြည်ဖြင့် ထိုးခြင်း များ
ပြုလုပ်ခဲ့ကြသည်ဟု ယူအီးအက်ဖ်အေမှ စွဲချက်တင်ကာ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင်
မန်ယူနှင့် ကစားရမည့် ပွဲစဉ်၌ (အိုလံပီယာကို့စ်အိမ်ကွင်း)
ကာရိုင်စကာကစ်ကွင်း မြောက်ဘက်ခြမ်းပွဲကြည့်စင် အောက်ပိုင်းကို ပိတ်ပင်ရန်
ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ထို့အပြင် ယူအီးအက်ဖ်အေက အိုလံပီယာကို့စ်အား
ဒဏ်ကြေးငွေ ယူရို(၂၅၀၀၀) ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ သည်။ သို့သော်
အိုလံပီယာကို့စ်အသင်းက ၎င်းတို့ပရိသတ်များ၏ အပြုအမူနှင့် လုပ်ရပ်များမှာ
လူမျိုးရေး ခွဲခြားမှု၊ အကြမ်းဖက်မှု မဟုတ်ကြောင်း ငြင်းဆန်ထားပြီ
အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်မည်ဖြစ်ကြောင်း အသင်းပြောရေးဆိုခွင့်ရပုဂ္ဂိုလ်
ကာရာပါပက်စ်က အတည်ပြုထားသည်။ အိုလံပီယာကို့စ်ကဲ့သို့ပင် ဇင်းနစ် မှာလည်း
ပရိသတ် ဆူပူအုံကြွမှုကြောင့် အရေးယူခံရမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက
ထုတ်ပြန် သွား သည်။
zaw zaw tun
By ရိုးရာလေး
0 comments:
Post a Comment