Thursday, December 19, 2013

ABSDF ၂၅ နှစ်ပြည့် ငွေရတု မဂ္ဂဇင်းနှင့် ပြက္ခဒိန် ပြည်တွင်း၌ ထုတ်ဝေမည်

ကာလကြာရှည် စွာဖြစ်ပွား နေသော ပြည်တွင်း စစ်ရပ် တန့်ပြီး ငြိမ်းချမ်းရေးအား အထောက်အ ကူဖြစ်စေ ရန်နှင့် ABSDF ၏ဖြတ် သန်းမှုအားသိရှိစေရန်ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး) ၂၅နှစ်ပြည့် ငွေရတုမဂ္ဂဇင်းနှင့် ပြက္ခဒိန်တို့အား ပြည်တွင်း၌ထုတ် ဝေဖြန့်ချိ သွား မည်ဖြစ် သည်။
ABSDF တည်ထောင်ခြင်းသည် နိုဝင်ဘာ ၁ရက်တွင် ၂၅နှစ် ပြည့်မြောက်ခဲ့ပြီး ယင်းနေ့တွင် အကြောင်း အမျိုးမျိုးကြောင့် ငွေရတုမဂ္ဂဇင်းနှင့် ပြက္ခဒိန်အား ထုတ် ဝေနိုင်ခြင်းမရှိဘဲ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ထုတ်ဝေရန် စီစဉ် ထားကြောင်း သိရသည်။

ABSDF မှ ကိုလွဏ်းဏီက ''ကျွန်တော်တို့ရဲ့ ထိခိုက်ကျဆုံးခဲ့ တဲ့ကျောင်း သား၊ ကျောင်းသူတွေ ရဲ့ဖြစ်ရပ်တွေ၊ ရဲဘော်တွေရဲ့ကဗျာ တွေ၊ စာတွေ၊ စတင်တည်ထောင်ခဲ့ တုန်းကသမိုင်းဝင်ဓာတ်ပုံတွေ၊ ငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ ၊ ပြည်တွင်း၊ ပြည်ပက စာရေးဆရာတွေရဲ့ စာ တွေပါဝင်မှာပါ။ ဒီစာအုပ်က ကာ လရှည်ကြာဖြစ်ပွားနေတဲ့ ပြည် တွင်းစစ် ရပ်တန့်ရေး အတွက် အ ထောက်အကူဖြစ်စေမှာပါ''ဟု ပြောသည်။

ယင်းကဆက်လက်၍ ''အခ မဲ့ဖြန့်ဝေမလား၊ မဝေဘူးလားဆို တာ မဆုံးဖြတ်ရသေးဘူး။ အခ ကြေးငွေနဲ့ ရောင်းမယ်ဆိုရင်လဲ ပြည်သူအများစု ဝယ်ယူနိုင်မယ့် ဈေးနှုန်းနဲ့ ရောင်းချသွားမှာပါ'' ဟု ပြောသည်။မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၏ သမိုင်းအကျဉ်းအား NDG အဖွဲ့အစည်းတစ်ခုမှ အင်္ဂ လိပ်ဘာသာဖြင့် ထုတ်ဝေမည့် စာအုပ်သည်လည်း ငွေရတုမဂ္ဂဇင်း နှင့် တချိန်တည်းထွက် ရှိမည်ဖြစ် ကြောင်း သိရသည်။

ABSDF ကို ၁၉၈၈ခုနှစ် နို ဝင်ဘာ ၁ရက်တွင် စတင်ထူထောင် ခဲ့ သည့် ကျောင်း သား တပ်မတော် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့် အရေးရရှိ ရေးအတွက် လက်နက်ကိုင်လမ်း စဉ်ဖြင့် တိုက်ပွဲဝင် ခဲ့ပြီး ယခုအချိန် တွင် အစိုးရနှင့် အပစ်အခတ်ရပ် စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု များပြုလုပ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ကိုင်လျက်ရှိသည်။

ရည်မွန်
Yangon Media Group

0 comments:

Post a Comment