Friday, November 22, 2013

ဟစ်ဟော့ပ်ဆိုတာ ချောင်းလေး မြောင်းလေးပါဟု Rocker ကြီး လေးဖြူမှ ဝေဖန်ခဲ့

ပြည်တွင်း၌ ဟစ်ဟော့ပ်ဂီတ စတင်လာသည့်အချိန်တွင် ရော်ကာအဆိုတော်ကြီး လေးဖြူက ဟစ်ဟော့ပ် ဂီတအား ချောင်းလေးမြောင်းလေး ပါဟု ဝေဖန်ခဲ့ဖူးကြောင်း ဟစ်ဟော့ပ်အဆိုတော် သားစိုးက People Power သတင်းစာသို့ ပြောကြားသည်။
 
“ဟစ်ဟော့ပ်ဂီတကိုစိတ်ဝင်စားပြီး စလုပ်တဲ့အချိန် ၁၉၉၈-၉၉ ခုနှစ်လောက်မှာ ဦးလေးဖြူပြောတဲ့စကား စိတ်ထဲမှာ အရမ်းစိတ်မကောင်းဖြစ်ပြီး လူငယ်သဘာဝ အရမ်းခံစားခဲ့ရတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ ဆက်လုပ်ခဲ့တော့ အခုမြန်မာနိုင်ငံမှာဟစ်ဟော့ပ် အဆိုတော်တွေ အများ ကြီးပေါ်လာသလို ဟစ်ဟော့ပ် ဂီတကိုလည်း အားပေးတဲ့ပရိသတ်တွေ အများကြီး ရှိလာတယ်”ဟု ဟစ်ဟော့ပ်အဆိုတော် သားစိုးက ပြောကြားသည်။
ပြည်တွင်း၌ ဟစ်ဟော့ပ်ဂီတ စတင်ပေါ်ပေါက်လာသည့် အချိန်တွင် အမျိုးမျိုးဝေဖန်ကဲ့ရဲ့မှုများ ရှိသော် လည်း စိတ် ထဲမှာမထားဘဲ ၀ါသနာပါရာ ဆက်လုပ်ခဲ့သည့်အတွက် ဟစ်ဟော့ပ်ဂီတပြည်တွင်း၌ ၁၃ နှစ်တိုင် ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“အောင်မြင်မှုလည်းရှိလာပြီဆိုတော့ ဆက်လက်ချီတက် ကြပါ။ ပြည်တွင်းမှာ ဟစ်ဟော့ဂီတရဲ့တိုးတက်မှု အနေ အထားကိုကြည့်ပြီး၊ ဟစ်ဟော့ပ် ဂီတ နှစ် ၄၀ပြည့် အခမ်းအနားမြန်မာနိုင်ငံမှာ လာကျင်းပတာလည်း ဂုဏ်ယူပါတယ်။ Hip Hop Forever လို့မြင်ပါတယ်”ဟု သားစိုးက ပြောကြားသည်။
ရေးသားသူ- အေးငြိမ်းသူ
By People Power

0 comments:

Post a Comment