လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ၊ အဆိုများတွင် ကတိက၀တ်
ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများ၊ အဆိုများအပေါ် ၀န်ကြီးဌာန အချို့က
ဆောင်ရွက်ရာတွင် နှောင့်နှေးခြင်း၊ ကတိက၀တ်နှင့် ကိုက်ညီမှု မရှိသည်များ
ဖြစ်ပေါ်လျက်ရှိကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊
ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ပြောကြားသည်။
လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ၊ အဆိုများအပေါ် အချို့ဝန်ကြီး
ဌာနများ အနေဖြင့် ဖြေကြားချက်အရ ကတိက၀တ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင်
လက်တွေ့ အကောင် အထည် ဖော်ဆောင်ရာတွင် နှောင့်နှေးမှုများ ရှိနေကြောင်း၊
ကတိက၀တ်နှင့် ကိုက်ညီမှု မရှိသည် များ ဖြစ်ပေါ်နေကြောင်း၊ ကတိက၀တ် ပေးခဲ့ပြီး
လက်တွေ့ဆောင်ရွက် ချက်များသည် ကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင်များ
ဆန္ဒပြည့်ဝမှု မရှိသည်များ တွေ့ရှိရကြောင်း၊ ထို့အတွက် ကတိများနှင့်
စပ်လျဉ်းပြီး ထိရောက်မှန်ကန်စွာ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စိစစ်နိုင်ရန်
အတွက် ကော်မတီ အနေဖြင့် လိုအပ်သည့် နေရာများသို့ သွားရောက်ရန်
စီစဉ်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။
''လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်တွေဟာ ပြည်သူတွေရဲ့
လိုအပ်ချက်၊ ခံစားချက်တွေ ဖြစ်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက
အမြန်အကောင် အထည် ဖော် မှသာ ပြည်သူတွေက လွှတ်တော် ကိုယ်စားလှယ်တွေကို
ယုံကြည်လာမှာ ဖြစ်ပါ တယ်။ မေးခွန်းတွေ အပေါ်မှာလည်း ၀န်ကြီးတွေက ဖြေကြားရာမှာ
လာမည့် ဘဏ္ဍာနှစ်မှာ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိလာပါက
ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ဘတ်ဂျက် တောင်းခံရာတွင် မပါလာမှုများ
ရှိပါတယ်။ ကတိဖြစ်ခဲ့တဲ့ မေးခွန်းတွေအပေါ် ပြည်ထောင်စု အဆင့်က ဖြေကြားရာမှာ
ဘတ်ဂျက်တောင်း ခံ၍ ဘတ်ဂျက်ရရှိပါက ဆောင်ရွက်ပေးမည်ဟု ဖြေကြားချက်များက
အများဆုံး ဖြစ်နေတာ တွေ့ရ ပါတယ်'' ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှစ်ဦး မေးမြန်းထားသည့်
မေးခွန်း များအား ပြည်ထောင်စု ၀န်ကြီးက ဖြေကြားရာတွင် ၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ်အတွင်း ထည့်သွင်း လျာထားပြီး ခွင့်ပြုပါက ဆောင် ရွက်ပေး မည်ဟု
ဖြေကြားထားသော်လည်း ဘတ်ဂျက် တောင်းခံရာတွင် ထည့်သွင်း တင်ပြ
တောင်းခံ ထားခြင်း မရှိကြောင်း ကော်မတီက ပြောကြားသည်။
အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၃၅
ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၄၆ ခုတွင် ကတိက၀တ် ဖြစ်ခဲ့သည့် မေးခွန်း ၆၄
ခုတွင် ဆောင်ရွက်ပြီးစီးမှု ၁၂ ခု၊ ဆောင်ရွက်ဆဲ ၅၂ ခု၊ ကတိက၀တိ မဖြစ်ခဲ့သည
့်မေးခွန်း ၇၁ ခုရှိကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်းများအနက် ကတိ က၀တ်
ဖြစ် သည့်မေးခွန်း ၁၂၉ ခုတွင် ဆောင်ရွက်ပြီးစီးမှု ၃၂ ခု၊ ဆောင်ရွက်ဆဲ ၉၇
နှင့် ကတိက၀တ် မဖြစ်ခဲ့ သည့် မေးခွန်းပေါင်း ၁၁၇ ခုရှိကြောင်း ကော်မတီ၏
အစီရင်ခံစာတွင် ဖော်ပြထားသည်။
Eleven
0 comments:
Post a Comment