
အဖေတစ်ယောက်၏ ဆုံးမစကားသားအဖနှစ်ယောက် ရှိပါတယ်။ သားဖြစ်သူက အသက် ၁၅ နှစ်
အရွယ် အဖေဖြစ်သူက အသက် ၆၅ နှစ်ကျော် အရွယ်ခန့်လောက် ဖြစ်ကြပါတယ်။
တစ်နေ့မှာတော့ သားအဖနှစ် ယောက် ထမင်းလက်စုံစားကြရင်း အဖေဖြစ်သူက စကား
အနည်းငယ်ပြောပါတယ်။
ငါ့သား လောကမှာ သားသမီး လေးမျိုးရှိတယ်။
ပထမငယ်ရွယ်စဉ်မှာ မိဘစကားကို တသွေမတိမ်း နားထောင်ပြီး ကြီးလာသောအခါ စိုးသွမ်းပြီး မိဘ ကျေးဇူးမသိ မိုက်မဲကြမ်းကြုတ်သော သားသမီး။
ဒုတိယ သားသမီးကတော့ ငယ်ရွယ်စဉ်မှာ ဆိုးသွမ်းသော်လည်း ကြီးလာသော အခါ
လိမ္မာယဉ်ကျေးကာ မိဘကျေးဇူးကို သိတတ်ပြီး အလုပ်အကျွေးပြုသော သားသမီး။
တတိယ သားသမီးကတော့ ငယ်ရွယ်စဉ်မှာလည်း လိမ္မာတယ် ကြီးလာသော အခါမှာလည်း
လိမ္မာပြီး မိဘကို ကျေးဇူးဆပ်သော သားသမီး။ အလွန်ပင် ယဉ်ကျေးလိမ္မာသော
သားသမီး။
နောက်ဆုံး သားသမီးကတော့ ငယ်ရွယ်စဉ်ကတည်းက ဆိုးသွမ်းပြီး ကြီးလာသော
အခါတွင်လည်း မိဘကို ကျေးဇူးမဆပ်သည့်အပြင် မိဘကို နည်းအမျိုးမျိုးသုံးပြီး
စိတ်ဒုက္ခများ ပေးတတ်သော သားသမီး ဆိုပြီး သားသမီး လေးမျိုးရှိတယ်။
ထိုသားသမီး လေးမျိုးရှိသည့်အနက် မိမိသည်ယဉ်ကျေးလိမ္မာပြီး မိဘကျေးဇူးကို အမှန်တကယ် သိတတ် သော သားသမီး ဖြစ်နိုင်ပါစေ။
By ရိုးရာလေး
0 comments:
Post a Comment