ပြည်ထောင်စု အစိုးရက ရန်ကုန်တိုင်း ဒေသကြီးအား ထောက်ပံ့သည့်ငွေ
ကျပ်တစ်ဘီလျံထဲမှ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် ဆင်းရဲနွမ်းပါးသည့်
ကျောင်းနေ ကလေးများကို စောင့်ရှောက်မှု များပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တောင်းဆိုခဲ့သည်။
ပြည်ထောင်စု အစိုးရ ထောက်ပံ့ငွေကျပ် ၁ ဘီလျံထဲမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကိုယ်ဝန်ဆောင် မိခင်များအား အခမဲ့ ဆေးကုသပေးသည့် လုပ်ငန်းများ၊ ဆင်းရဲနွမ်းပါး သည့် ကျောင်းများတွင် ရှိသော ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို အာဟာရ တိုက်ကျွေးသည့် အစီအစဉ်များကို လုပ်ဆောင်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။
မြန်မာပြည်ရဲ့ အစိုးရ အဆက်ဆက်ကို ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ် အတွက်ကို ရင်းနှီးမြှုပ်နှံမယ့်အစား Infrastructure Development အတွက်ကို အရမ်းအားစိုက် ခဲ့တာကို တွေ့ရပါတယ်။ တံတားတွေ ဖောက်တယ်...
''ရန်ကုန်တိုင်း ဒေသကြီး အစိုးရဘတ်ဂျက်ကို ကြည့်တဲ့အခါမှာ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ဘယ်လောက် သုံးသလဲ။ ပြည်ထောင်စု အစိုးရက လုပ်နေတာပဲဆိုပြီး ကျွန်မတို့လုံးဝ မလုပ်တော့ဘူးလား။ ပြည်ထောင်စုကနေရတဲ့ ထောက်ပံ့ငွေ တစ်ဘီလျံထဲကနေ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းတွေမှာရှိတဲ့ ဆင်းရဲနွမ်းပါးချို့တဲ့ ကလေးတွေကို အာဟာရ တိုက်ကျွေးတဲ့ အစီအစဉ်တွေ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အခမဲ့ဆေး ကုသပေးတဲ့ လုပ်ငန်းတွေကို အထူးစီမံကိန်း အနေနဲ့ မလုပ်သင့်ဘူးလား။ ကျွန်မတို့ မြန်မာပြည်ရဲ့ အစိုးရ အဆက်ဆက်ကို ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ် အတွက်ကို ရင်းနှီးမြှုပ်နှံမယ့်အစား Infrastructure Development အတွက်ကို အရမ်းအားစိုက် ခဲ့တာကို တွေ့ရပါတယ်။ တံတားတွေ ဖောက်တယ်။ မြို့တော်တွေ ဆောက်တယ်ပေါ့။ ရန်ကုန်မြို့ကြီးမှာ နေထိုင်တဲ့ ခြောက် သန်းကျော်သော ပြည်သူလူထုရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေရော မလုပ်ကြတော့ဘူးလား။ အဲဒီလိုမလုပ်ရင် ပညာရေးကလည်း အောက်တန်းကျနေ ပါလိမ့်မယ်။ ကျန်းမာရေးကလည်း အာဆီယံမှာ နောက်တန်းကပဲ ဖြစ်နေပါလိမ့်မယ်။ ကျွန်မရဲ့ အဆိုပြုချက်တွေကို လေးလေးနက်နက် ထည့်သွင်းရေးဆွဲပေးဖို့ တောင်းဆိုပါတယ်'' ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ အတွင်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ''ဆင်းရဲနွမ်းပါးမှု လျော့ချရေး ရန်ပုံငွေမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ဆင်းရဲနွမ်းပါးသော မူလတန်းကျောင်းများမှ ကလေးသူငယ်များအား စဉ်ဆက်မပြတ် အာဟာရ တိုက်ကျွေးပေးရန် တိုက်တွန်းကြောင်းအဆို'' ကို တင်သွင်းခဲ့ရာ သက်ဆိုင်ရာ ၀န်ကြီးဌာနက သဘောမတူခဲ့၍ အဆိုရှုံးနိမ့် ခဲ့ရသည်။
Eleven Media Group
0 comments:
Post a Comment