Monday, November 25, 2013

ပုဒ်မ၁၈နဲ့ အရေးယူခံရသူ စာရင်း နိုင်ငံတကာကို တင်ပြမယ်


နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အနေနဲ့ ကြိုတင်ဆန္ဒပြခွင့် မတောင်းပဲ ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်ပြီး အရပ်ဖက် လှုမှုအဖွဲ့အစည်း ၇ဖွဲ့က ဆွေးနွေးမှုလုပ်ခဲ့ပြီး ကောက်ခံရရှိတဲ့ စာရင်းကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြမယ်လို့ ဆိုပါတယ်။

ီဆွေးနွေးပွဲကို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဥပဒေကိုလိုသလိုယူသုံးပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ကန့်သတ်တာတွေ၊ ဖိနှိပ်နေတာတွေကို လက်မခံနိုင်ဘူးဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုပြုံးချိုက အခုလိုပြောပါတယ်။

ဥပဒေတခုဟာ လွတ်လပ်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်မှု ပိုများမယ်ဆိုရင် ပြည်သူဆန္ဒတွေကို အမှန်တကယ် ပေါ်မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ နိုင်ငံသားတွေရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်တွေကို ပိုမိုပြဌာန်းနိုင်အောင်အ တွက် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ခွင့်တွေ၊ သုံးသပ်ခွင့်တွေ လုပ်သင့်တယ်၊ ဒီဥပဒေနဲ့ ပတ်သက်ပြီး အားနည်းချက်တွေကို လွတ်တော်မှာ ဆွေးနွေးတင်ပြဖို့ရှိလာပြီဆိုတဲ့အတွက် ဖြေလျော့သင့်တာတွေ၊ ပြန်လည်လွတ်ပေးသင့်တာတွေ လွတ်ဖို့အပြင် နောက်နောင်ကို နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို ဥပဒေ လိုရာဆွဲသုံးပြီးတော့ ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းတွေ မလုပ်ဖို့၊ ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွတ်ပေးဖို့ အတွက်ကို တင်ပြတောင်းဆိုကြခြင်းဖြစ်ပါတယ်။

အခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မကျန် လွတ်ပေးမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားထားပေမဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိနေသေးတဲ့အတွက် ဒီအပေါ်မှာ နိုင်ငံရေး လှုပ်ရှားသူတွေက စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈နဲ့ ဖမ်းဆီးခံထားရသူ ၁ရာကျော်လောက်ရှိနေပြီး ဖမ်းဆီခံထားရတဲ့ အရည်အတွက်တွေထက် မြို့နယ်ရဲစခန်းတွေမှာ တရားစွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်နေရတဲ့အမှုတွေကပိုများပြီး အမှုပေါင်း ၂ရာလောက်ရှိနေတယ်လို့ ပြောပါတယ်။

ဒီဥပဒေဖျက်သိမ်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတနဲ့ လွတ်တော်ကိုလည်း တင်ပြတောင်းဆိုသွားမယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားနဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ ဆွေးနွေးပွဲ (Credit: ABC)

ABC

0 comments:

Post a Comment