
ဆီးဂိမ်း ပြိုင်ပွဲအပြီးတွင် ကမ္ဘာ့ဖလား ချန်ပီယံဆုအား ကိုကာကိုလာ ကုမ္ပဏီ၏
စီစဉ်မှုဖြင့် ရန်ကုန်မြို့၌ပြသ မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင်
ပထမဆုံး အကြိမ်အဖြစ် ယင်းကဲ့သို့ပြသနိုင် ရန်အတွက် ဖီဖာ၏ အဓိကစပွန် ဆာ
ကိုကာကိုလာကုမ္ပဏီ မှ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် အောက်တိုဘာ ၃ဝ
ရက်တွင် လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း လက်ရှိတွင်
ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရန်နီးကပ်နေသည့် အတွက် အရှေ့တောင်အာရှ အားကစား ပွဲ
တော်ပြီးမှသာ ပြသမည်ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီ ယာဌာနမှ
ဦးဇော်မင်းထိုက်က ''ဘယ်အချိန်ပြ သမယ်ဆိုတာ ညှိ နှိုင်းနေတုန်းပဲ ရှိသေးတယ်။
တ ကယ်လို့ ပြသဖြစ်ရင် သုဝဏ္ဏအ မျိုးသားအားကစားရုံ (၁) မှာ ထား ရှိပြီး
အခမဲ့ပြသမယ်''ဟု ၎င်းက ပြောသည်။ အဆိုပါကမ္ဘာ့ဖလားကို ရန်ကုန်မြို့သို့
သယ်ဆောင်ရာတွင် ကိုကာကိုလာကုမ္ပဏီမှ အထူးလေ ယာဉ်ဖြင့်သယ်ယူကာ သုဝဏ္ဏ
ကွင်းအရောက် ထားရှိပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ရန်ကုန်မြို့တွင်ပြသနိုင်ရေးနှင့် ပတ်သက်၍
ကိုကာကိုလာမှတာ ဝန်ရှိသူက'' လာမယ်ဆိုတာက သေ ချာပါတယ်။ မကြာခင်ရက်ပိုင်း
အတွင်းမှာပြသမယ့်အစီအစဉ် နဲ့ပတ်သက်ပြီး အသေးစိတ်သတင်း
ထုတ်ပြန်ပေးသွားမယ်''ဟု ၎င်းက ပြောသည်။
ယင်းကမ္ဘာ့ဖလားကို ဖီဖာ မှ နိုင်ငံပေါင်း၂၀ဝကျော်သို့လှည့် လည်ပြသလေ့ရှိပြီး
မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ ဝင်
ရောက်လာရာတွင် ဖီဖာ၏အ ဓိကစပွန်ဆာကုမ္ပဏီတစ်ခုဖြစ် သည့် ကမ္ဘာကျော်ကိုကာကိုလာ
လည်းပါဝင်လာရာ မြန်မာနိုင်ငံ သို့ ဝင်ရောက်ပြသနိုင်ရန်စီစဉ် ခြင်းဖြစ်သည်။
အပျော်တမ်းဖူဆယ်ကလပ် အသင်းဖွဲ့စည်းထားသူ ကိုကောင်း မြတ်က
''ဒီလိုမျိုးဆုဖလားကို တခြားနိုင်ငံ တွေမှာ လာရောက် ပြသလေ့ရှိတာကိုသိပေမယ့်
အ ခုလိုမျိုး သူများနိုင်ငံတွေနည်း တူ ပြသနိုင်တာကို ဝမ်းသာပါတယ်။
ဖလားနဲ့အမှတ်တရဓာတ်ပုံရိုက် ကူးခွင့်ရရင်တော့ သိပ်ကောင်း မယ်''ဟု ၎င်းက
ပြောသည်။
Yangon Media Group
0 comments:
Post a Comment