ရခိုင်ပြည်နယ်တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း အင်အားသိန်းဂဏန်းရှိ
ဒုက္ခသည် အမည်ခံနေရာ များတွင် အလုပ်လက်မဲ့လူလတ် ပိုင်းအရွယ်များကို
မိမိတို့ပြည်နယ်အားတိုက်ခိုက် ရန် အင်အားစု တစ်ရပ်အဖြစ် အစွန်းရောက်အဖွဲ့
များက အလုံးအရင်းဖြင့် ကူညီထောက်ပံ့မှုပြု သိမ်းသွင်းပြီး
သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးနေသည်ကို သိရှိရကြောင်းရသေ့တောင်မဲ ဆန္ဒနယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
အဆို တင်သွားရာ၌ပြောကြားသည်။
ဒေါ်ခင်စောဝေက''တစ်ဖက်နိုင်ငံ၏ ရွေး ကောက်ပွဲအကြိုကာလတွင် ပါတီကြီးနှစ်ခု
အားပြိုင်မှု၊ အထွေထွေသပိတ်မှောက်မှု၊ ဆူပူ အကြမ်းဖက်ဆန္ဒပြမှုများ
ဆက်တိုက်ဖြစ်ပွားပြီး အုပ်ချုပ်ရေးယန္တရား
လျော့ရဲနေချိန်နှင့်တိုက်ဆိုင် နေသဖြင့် နယ်စပ်ဒေသတွင်ရှိသော လက်နက်
ကိုင်အင်အားစုများအတွက် ထိန်းချုပ်မည့်သူ မရှိဘဲ
စိတ်ကြိုက်ကြံစည်လုပ်ဆောင်နိုင်သည့် အခြေအနေမျိုးဖြစ်နေပါတယ်။
ယခုလိုအချိန်မျိုး တွင် ၄င်းတို့နှင့်ထိစပ်နေသော ဘူးသီးတောင်၊ မောင်တောဒေသ
တွင်လဲ(န.စ.က)ဖျက်သိမ်းပြီး အင်အားလစ်ဟာမှု ဖြစ်ပေါ်နေသောအချိန်နှင့်
တိုက်ဆိုင်ကြုံတွေ့နေ ရပါကြောင်း၊ (န.စ.က) နေရာတွင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဝင်ရောက် သည်ဆိုသော်လဲ လူအင်အား အနေဖြင့် ယခင်
(န.စ.က)ထက် ထောင်ဂဏန်းလျော့နည်းခြင်း၊ နယ်မြေ မကျွမ်းကျင်မှု၊ နယ်စပ်ဒေသတွင်
လုံခြုံရေး ဆောင်ရွက်မှုနှင့်စစ်နည်းဗျူဟာအတွေ့
အကြုံမရှိသေးသူများဖြစ်နေခြင်း၊ အင်အား နည်းပါးမှုကြောင့် မြစ်ပေါက်၊
ချောင်းပေါက်နှင့် ကင်း စခန်းများတွင် လုံခြုံရေးအပြည့်အဝ
ချမထားနိုင်ခြင်း၊ မြို့ပေါ်မှအပ လ.ဝ.က လုပ်ငန်းများ ရပ်တန့်နေခြင်းတို့ကို
တွေ့မြင်ကြား သိနေရပါတယ်''ဟု အဆိုတင်သွင်း ရာတွင် တင်ပြပြောကြားခဲ့သည်။
အဆိုနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီး ဌာနဒုတိယဝန်ကြီးကပြန်လည်ရှင်းလင်းရာ
ရခိုင် ပြည်နယ် မောင်တောခရိုင်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်
အစွန်ဆုံးတွင်တည်ရှိပြီး လူဦးရေ ၈၁၁ဝဝ၉ ဦးနေထိုင်ကာ ယင်းအနက် ဘင်္ဂါလီ/
နိုင်ငံခြားသားဦးရေမှာ ၇၃၈၃၉၃ ဦးရှိ၍ တိုင်း ရင်းသားဦးရေမှာ ၇၂၆၁၆
ဦးရှိသည်ဟုဆိုသည်။ နေထိုင်သူအားလုံးအနက် ဘင်္ဂါလီ/နိုင်ငံခြားသား ဦးရေက
တိုင်းရင်းသားဦးရေထက် လူဦးရေ ၆၆၅၇၇၇ ဦး (ခြောက်သိန်းခြောက်သောင်း ကျော်)
ပိုမိုနေသည်ကို တွက်ချက်သိရှိရသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဲနှင့်ပြည်သူအချိုးမှာ တစ်
အချိုး ၉ဝဝ ဖြစ်သော် လည်း ရခိုင်ပြည်နယ်တွင်မူ တစ် အချိုး ၅ဝဝ ဖြင့်
လုံခြုံရေးတာဝန်ယူပေးထားကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန အနေဖြင့် သတင်းနှင့်
ဆက်သွယ်ရေးစနစ်များကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ရန် အတွက်
ဂျီအက်စ်အမ်ဖုန်း အလုံး ၁ဝဝဝကို ရခိုင်ပြည်နယ် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့သို့ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်တွင်း
တရားဥပဒေစိုးမိုးရေး အတွက် ရဲတပ်ရင်းအင်အားတိုးချဲ့ဆောင်ရွက်
လျက်ရှိသည့်အပြင် ပင်လယ်ပြင်လုံခြုံရေးတာဝန် များကို
ရေကြောင်းရဲတပ်ဖွဲ့ကဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင်
တရားမဝင်ဝင်ရောက်မှု များကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ကာရံ ခြင်းလုပ်ငန်းကို
ဘင်္ဂလားပင်လယ်အော် နတ်မြစ်ဝမှ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ် လျှောက်
၁၆၈ဒသမ၅၆၈ မိုင်အထိ အပိုင်းလေး ပိုင်းခွဲကာဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ
ဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်းကရှင်းပြသည်။
The Union Daily
0 comments:
Post a Comment