
လူပေါင်း ၁၀၀ဝခန့်သည် ဖုံထူသောလှည်းလမ်းကြောင်း တစ်လျှောက်
ဘီးတပ်ကုလားထိုင် နဲ့တစ်ဖုံ၊ ကလေးများကိုချီမ၍ တစ်သွယ်၊ ကျောတွဲပိုးသူကပိုး
ဖြင့် တန်းစီကာ သစ်သားခြေတံ ရှည်အိမ်သို့ ဦးတည် လျက်ရှိကြသည်။
အဆိုပါလူအုပ်ကြီးသည် အစွဲအလမ်းကြီးစွာ ယုံကြည်အား ထားလျက် အသက်နှစ်နှစ်သား
အရွယ် ကလေးငယ်ကွန်ကင်ထံမှ ကုသပျောက်ကင်းမှုကို ရရှိလိမ့်
မည်ဟုယုံကြည်မှုကြောင့် လာ ရောက်ကြခြင်းဖြစ်သည်။ ''ကျွန်မ သားလေး
ဒီလိုထူးဆန်းစွာကုသ နိုင်တာကို သူ့အဘိုးနေ မကောင်းဖြစ် တဲ့အ
ခါကုသပေးခဲ့လို့သိခဲ့ရတာပါ''ဟု မိခင်ဖြစ်သူ ဖက်ဆိုအန်းက အ ကျယ်မချဲ့ဘဲ
ပြောပြခဲ့သည်။
လွန်ခဲ့သောအပတ်မှစ၍ နေထိုင်မကောင်းမှုကို ကုသပေး နိုင်ကြောင်း ကောလာဟလသ
တင်းများထွက် ပေါ်ခဲ့ပြီးနောက် အစွဲအလမ်းကြီးသူ လူရာပေါင်း များစွာ
နေ့စဉ်ရောက်ရှိလာခဲ့ကြ သည်ဟု ဆိုသည်။ ကလေးမှာ ကွမ်ပေါင်ချန်ပြည်နယ်ရှိ ကျေး
ရွာတစ်ရွာမှဖြစ်ပြီး ဖနွမ်းပင်မြို့မှ မော်တော်ကားဖြင့် သုံးနာရီခန့်
လာရသည်ဟု ဆိုသည်။မှော်ဆရာကလေး၏မိသား စုက လူနာများထံမှ တစ်ဦးလျှင်
ကမ္ဘောဒီးယားရီ ယယ်ငွေ ၄၀၀၀ (ထိုင်းဘတ်၃၀)အခကြေးငွေယူ သည်။
အများဆုံးလာရောက်သူ များမှာ ဆင်းရဲသား ကမ္ဘောဒီး ယားများဖြစ်ကြသည်။
ယခုအခါ လူအုပ်ကြီးပို၍ များနေသည်ဟု ဆိုသည်။ ကလေး ငယ်၏သတင်းမှာ
နိုင်ငံမီဒီယာများ ၌ ဖော်ပြပြီးနောက် သူ၏မိခင်နှင့် ကလေးမှာ လူအုပ်ကြီးမှ
ရှောင် ရှားရန် ဆွေမျိုးသားချင်း များ၏နေအိမ်များ၌ ပုန်းနေရသည်ဟု ဆိုသည်။
လူများ၏အာရုံစိုက်မှု များလွန်းသဖြင့် ကလေးမှာ စိတ် အနှောင့်အယှက် ဖြစ်ရကာ
ယခု အခါ ကြီးမားသော ရောဂါများ ကိုသာ ကုသပေးနေသည်ဟု ၎င်း ၏မိခင်က ဆိုသည်။
သို့ရာတွင် လူများမှာ ရွာ ထဲသို့လာမစဲဖြစ်နေကာ မိသား
စုများမှာငွေကိုဖလားဖြင့် ခံထား ရသည်ဟု ဆိုသည်။ ယုံကြည်သူ များက
လက်ဆောင်ပစ္စည်းများ ကိုလည်း ပေးကမ်းခဲ့ကြသည်။ စီး ကရက်ဘူးများ၊
စည်သွတ်ဘူးများ ကိုလည်း လက်ဆောင်ပေးခဲ့ကြ သည်ဟုဆိုသည်။
ကလေးနှင့်တိုက်ရိုက်မတွေ့ ရသောလူများအတွက် ကလေး သိဒ္ဓိတင်ပေးသည်ဟုဆိုသော
သစ်ရွက်အထုပ် များကို ရယူကြ သည်။ အဆိုပါသစ်ရွက် များအား ရေနွေးဖြင့်
လက်ဖက်ရည်သောက် ပါက ရောဂါပျောက် သည်ဟုဆို သည်။
အသက်၄၃နှစ်ရှိ ကာသဲ ဆို သောပုဂ္ဂိုလ်က သူ၏အသက်၁၄ နှစ်အရွယ်
ပိုလီယိုရောဂါစွဲနေသည့် သား အတွက် သစ်ရွက်ရရှိရန် အခြားပြည်နယ်တစ်ခုမှ
နာရီများ စွာ လမ်းလျှောက်လာခဲ့သည်ဟု ပြောပြခဲ့သည်။ ''ဒီကလေးဟာ
မှော်အစွမ်းရှိတယ်ဆိုတာကို ရေ ဒီယိုကကြားလိုက်ရလို့ လာခဲ့တာ ပါ။ တစ်နေ့တာ
စောင့်ခဲ့ရတယ်၊ ကျွန်တော့်သားပိုလီယိုရော ဂါကို အနောက်တိုင်းဆရာဝန်တွေနဲ့
ကုသမရလို့ ဒီဆေးရွက်ကို လာယူ တာပါ။ ဆေးကုသမှုအတွက် ရီယယ် ၄၀၀ဝပေးရတယ်''ဟု
ပြောပြခဲ့သည်။
ဤကလေးကုသပေးက ပိုလီယိုရောဂါသည်များ လမ်း လျှောက်နိုင်သည်ဟု ပြောဆိုနေ
ကြသည်။ တချို့ ကလည်း နောက် ဆုံးမျှော်လင့်ချက်အဖြစ် ဤက လေးထံမှ
ကုသမှုခံယူလိုကြခြင်း ဖြစ်သည်။
Yangon Media Group
0 comments:
Post a Comment